ကိုဗစ်ရောဂါကူးစက်မှုပြန်လည်မြင့်တက်လာတဲ့အတွက် ရန်ကုန် (က.ည.န) ရုံးကို ဒီနေ့ကစ ယာယီရပ်ဆိုင်း

7-7-2021-yyl-58.jpg

ကိုဗစ်တတိယလှိုင်းမှာ ရောဂါပိုးကူးစက်မှုမြင့်တက်လာတဲ့အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်)ရုံးကို ဒီနေ့ ဇူလိုင်လ (၁၄) ရက်နေ့မှစတင်ပြီး ရုံးလုပ်ငန်းဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

“ကိုဗစ်ရောဂါကြောင့် ဒီနေ့ကစပြီး က.ည.န ရုံးကို ယာယီပိတ်လိုက်ပါပြီ။ ပြန်ဖွင့်မယ့်ရက်ကိုလည်း ပြန်ကြေညာပေးသွားမှာပါ” လို့ က.ည.န(ရန်ကုန်)ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဖြစ်ပွားခဲ့တဲ့အချိန်ကလည်း က.ည.န ရုံး လုပ်ငန်းတွေကို အခုလိုမျိုး ယာယီရပ်ဆိုင်းခဲ့ပါသေးတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ (၁၃) ရက် ဓာတ်ခွဲစစ်ဆေးချက်တွေအရ မြန်မာနိုင်ငံမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၅,၀၁၄) ဦးရှိနေပြီး အဲ့ဒီထဲမှာ ရန်ကုန်မြို့က အတည်ပြုလူနာ (၉၉၈) ဦး ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လ (၁၃) ရက်နေ့ အထိ Covid-19 ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း (၂၀၁,၂၇၄) ဦး၊ ဆေးရုံဆင်းခွင့်ရသူ လူနာစုစုပေါင်း (၁၄၉,၇၆၇) ဦး နဲ့ သေဆုံးသူ လူနာစုစုပေါင်း (၄,၀၃၆) ဦး ရှိနေပြီဖြစ်ပါတယ်။

Photo- Internet

cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top