ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိလို့ ဂျမယ်ဟာရင်ရဲ့ WBO စူပါဖယ်သာ ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲကို ဖျက်သိမ်း

15-7-2020-yyl-030.jpg

ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်မှာ ဂျမယ်ဟာရင်ရဲ့ WBO စူပါဖယ်သာဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ ကမ္ဘာ့တတိယအကောင်းဆုံး ဂျူနီယာလိုက်ဝိတ်တန်း လက်ဝှေ့သမားလို့ သတ်မှတ်ခံထားရတဲ့ အမေရိကန်လက်ဝှေ့သမား ဂျမယ်ဟာရင်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ပွာတိုရီကိုလက်ဝှေ့သမား အိုကွမ်ဒိုနဲ့ ထိုးသတ်ဖို့စီစဉ်ထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ရှိနေကြောင်း စစ်ဆေးတွေ့ရှိရလို့ ပွဲဖျက်ခဲ့ရပါတယ်။ ဂျမယ်ဟာရင်ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိနေတယ်လို့ ဒုတိယအကြိမ်မြောက် တွေ့ရှိခဲ့တာပါ။

ဇွန်လ ၂၂ ရက်တုန်းက ပထမအကြိမ် စစ်ဆေးခဲ့တုန်းကလည်း ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ” ကျွန်တော် အသွားအလာကန့်သတ်ပြီး ဆရာဝန် ညွှန်ကြားတဲ့အတိုင်းနေတယ်။ ဇူလိုင်လ ၃ ရက်မှာ ပြန်စစ်ကြည့်တော့ ရောဂါပိုးမရှိ (Negative)ရလဒ် ထွက်တယ်။ အခုလို ရောဂါပိုးပြန်တွေ့တာ အံ့သြမှင်သက်ရပါတယ်” လို့ ဂျမယ်ဟာရင်က ပြောပါတယ်။ ဂျမယ်ဟာရင်ဟာ အိုင်ယာလန်နိုင်ငံသား ကမ္ဘာ့ချန်ပီယံဟောင်း ကားလ်ဖရမ်တန်နဲ့ ထိုးသတ်မယ်လို့ သတင်းထွက်ခဲ့သူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top