ဓာတ်ပုံအလား ထင်မှတ်မှားရတဲ့ လက်ရာမြောက်ပန်းချီကားတွေကို မီးမှုတ်သေနတ်နဲ့ ပုံဖော်ဖန်တီးသူ

3.2.2023-image-5.jpg

ဓာတ်ပုံအလား ထင်မှတ်မှားရတဲ့ ပန်းချီကားတွေကို နိုင်ဂျီးရီးယားအနုပညာရှင် အဲလက်စ်ပီတာအိုင်ဒိုကိုက မီးနဲ့ပုံဖော် ဖန်တီးတာပါ။ မီးနဲ့ပုံဖော်ဖန်တီးတဲ့အတတ်ပညာကို Pyrography လို့ ခေါ်ပါတယ်။ သစ်သားကန်းဗက်စကို မီးနဲ့ရှို့ပြီး ပုံဖော်ဖန်တီးရတာဖြစ်လို့ မီးအချိန်အဆ နည်းနည်းလေးတောင် လွဲလို့ မရပါဘူး။

အိုင်ဒိုကိုဟာ ငယ်ငယ်ကတည်းက ပုံတူပန်းချီကားတွေ ရေးဆွဲရတာ ဝါသနာထုံသူပါ။ ဓာတ်ပုံအလား ထင်မှတ်မှားရတဲ့ ပန်းချီကားတွေကို သမားရိုးကျနည်းနဲ့ ရေးဆွဲရတာတောင် အနုစိတ်လွန်းလို့ ခက်ခဲပါတယ်။ မီးမှုတ်သေနတ်၊ ကော်ပတ်၊ ဆူးကြိုးတွေနဲ့ ဖန်တီးရတာဆို ပိုလို့တောင် ခက်ခဲပါသေးတယ်။

ဒါကြောင့် အိုင်ဒိုကိုဟာ Pyrography တစ်ချပ်ကို အနည်းဆုံးတစ်လကြာ အချိန်ယူ ရေးဆွဲလေ့ရှိပြီး လနဲ့ချီ ကြာတာမျိုးလည်း ရှိပါတယ်။ ” ကျွန်တော့်လက်ရာတွေကတော့ အာဖရိကရဲ့ အရှိတရားတွေကိုပဲ ရေးဆွဲတာပါ။ လွတ်လပ်ခွင့်၊ အပြောင်းအလဲလုပ်ဖို့နဲ့ စိန်ခေါ်မှုတွေရဲ့ အဖြေများ အစရှိသဖြင့်ပေါ့။ အနုပညာဆိုတာ လူတွေနားလည်တဲ့ ဘာသာစကားတစ်ခုပါ။ ကိုယ့်နှလုံးသားကနေ ဆက်သွယ်၊ ထင်ဟပ်ပြနေသရွှေ့ အဲဒီဘာသာစကားကို လူတွေ နားလည်ကြမှာပါ” လို့ အိုင်ဒိုကိုက ဆိုပါတယ်။

Ref: The Photo-Like Fire-Painted Portraits of Alex Peter Idoko

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply