လည်ပင်းနဲ့ မျက်နှာကအဆီပိုတွေ လျော့ပေးနိုင်တဲ့ နည်းလမ်းတချို့

15-4-2020-yyl-013.jpg

ကိုယ်အလေးချိန်တက်လာရင် အရင်ဆုံးမျက်နှာမှာ ပြပါတယ်။ လည်ပင်းနဲ့ မျက်နှာက အဆီပိုတွေက အလေးချိန်တက်လာလို့ဖြစ်လာရတာဖြစ်ပါတယ်။ အခုလိုအချိန်အခါမှာ အိမ်မှာအနေများပြီး ကိုယ်အလေးချိန်တွေ တက်လာတော့မှာဆိုတော့ မျက်နှာနဲ့ လည်ပင်းတွေမှာ အဆီပိုတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်မှုအနေအထားမမှန်တာကြောင့်လည်း ဖြစ်လာတတ်ပါတယ်။ အဲဒီလိုအဆီပိုတွေကို ဖယ်ရှားခြင်းရင်တော့အခုမျှဝေပေးလိုက်တဲ့ နည်းလမ်းတချို့ကို လိုက်နာကြည့်လိုက်ပါနော်။ အားလပ်နေတဲ့အချိန်မှာ အဲဒီနည်းလမ်းတွေကို လုပ်ကြည့်လို့ရတာပေါ့။

ထိုင်တဲ့အခါ ခန္ဓာကိုယ်အနေအထားမှန်ပါစေ

ခန္ဓာကိုယ်အနေအထားမမှန်တာက သင့်ခါးနဲ့ ကျောရိုးကို ထိခိုက်စေရုံသာမက မျက်နှာကိုလည်း သက်ရောက်မှုရှိပါတယ်။ ထိုင်တဲ့အခါ ခေါင်းက အရမ်း အောက်ငုပ်နေရင် မေးစေ့နှစ်ထပ်ဖြစ်လာနိုင်စေပါတယ်။ လည်ပင်းနဲ့မျက်နှာက ကြွက်သားတွေ အားနည်းပြီး ရလဒ်အနေနဲ့ အဲဒီနေရာကအရေပြားတွေက လျော့တွဲလာမှာပါ။ ဒါကြောင့် ထိုင်တဲ့အခါ ခေါင်းကို ငုပ်မထားဘဲ ခါးကို မတ်မတ်ထားပါ။

အိပ်ရေဝဝအိပ်စက်ပြီး အိပ်စက်တဲ့အနေအထားမှန်ပါစေ

အိပ်စက်ချိန်နဲ့ ကိုယ်အလေးချိန်တက်တာကျတာတို့ ဆက်စပ်တယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ အိပ်စက်မှုနည်းတာက ဇီဝဖြစ်စဉ်အားနည်းစေတယ်လို့လည်းဆိုထားပါတယ်။ အရေးကြီးဆိုကတော့ ခေါင်းအုံးနဲ့ မျက်နှာ ထိပြီး ဘေးတစ်စောင်းအိပ်စက်ခြင်းကို ရှောင်ကျဉ်ဖို့ပါပဲ။ ပလက်လန်အိပ်တာက မျက်နှာဖောင်းတာတွေ ဖယ်ရှားပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

မျက်နှာနဲ့ လည်ပင်းကြွက်သားတွေ သန်မာဖို့ ပီကေဝါးပေးပါ

ပီကေဝါးတာက မျက်နှာရဲ့ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးသလိုပါပဲ။ အဲဒါထက်ပိုတာက အစာ စားပြီးတိုင်း ပီကေဝါးတဲ့သူတွေက ဗိုက်ပြည့်အင်သလို ခံစားရပြီး အဲဒီနောက်မှာသွားရည်စာမုန့်ကို နည်းနည်းပဲ စားသုံးကြပါတယ်။ ဒါကြောင့် မျက်နှာကအဆီတွေက လျော့ကျသွားတယ်လို့ လေ့လာချက်ကဆိုပါတယ်။ သကြားမပါတဲ့ပီကေကို ရွေးချယ်စားသုံးပါ။ ဒါမှ ကယ်လိုရီဓာတ်တွေတိုးမလာမှာဖြစ်သလို သွားသန့်ရှင်းရေးအတွက်လည်း ထိန်းပေးရာရောက်ပါတယ်။

အခွင့်အရေးရတိုင်း ပူစီဖောင်းမှုတ်ပေးပါ

ပူစီဖောင်းတွေက ပါတီတွေအတွက် အကောင်းဆုံးအလှဆင်ပစ္စည်းဖြစ်သလို မျက်နှာလေ့ကျင့်ခန်းအတွက် အလွယ်ကူဆုံးနည်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ မျက်နှာကအဆီတွေ လျော့စေတဲ့ အလွယ်ဆုံးနည်းဖြစ်တဲ့ ပူစီဖောင်းမှုတ်တာက ပါးဖောင်းတာနဲ့ မေးစေ့နှစ်ထပ်ဖြစ်တာတွေနှစ်ခုလုံးကို လျော့ချပေးဖို့ အကူအညီဖြစ်ပါတယ်။ တစ်ပတ်ကို အကြိမ်အနည်းငယ် ပူစီဖောင်းမှုတ်ပေးပါတယ်။ ရလဒ်ကောင်းကို တွေ့ရပါလိမ့်မယ်။

အားရပါးရပြုံးပါ

ပြုံးတာကလည်း မျက်နှာလေ့ကျင့်ခန်းဖြစ်တဲ့အတွက် အသားရေကို ကျစ်လစ်လာစေပြီး မေးစေ့နှစ်ထပ်ဖြစ်တာကို လျော့ချပေးနိုင်ပါတယ်။ သင့်နှုတ်ခမ်းတွေ ပွင့်လာတဲ့အထိ ပြုံးကြည့်ပြီး (၁၀) စက္ကန့်လောက် ပြုံးလျက်နေပါ။ အဲဒါကို (၁၀) ကြိမ်လောက်ပြုလုပ်ပေးပါ။ ဒါက မျက်နှာက အဆီအပိုတွေကို လျော့နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။

Ref: Things That Can Reduce Face and Neck Fat

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top