သားဖြစ်သူရဲ့ရောဂါအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ ဧဝရက်တောင်တက်ဖို့ စီစဉ်နေတဲ့ ဖခင်

10-3-2022-yyl07.jpg

ဒီလွန်ဒိုးဒန် (Dillon Doeden) က အားကစားသမား မဟုတ်ပါဘူး။ သာမန်လူတစ်ဦးပါ။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာစိန်ခေါ်တွေထဲက အခက်ခဲဆုံးတစ်ခုဖြစ်တဲ့ ဧဝရက်တောင်ကို သူတက်တော့မှာပါ။ ဘာကြောင့်လဲဆိုရင် ကြွက်သားဆိုင်ရာပုံမှန်မဟုတ်တဲ့ရောဂါ (Duchenne) ခံစားနေရတဲ့ ၄ နှစ်အရွယ် သားလေး ကွန်နာ (Connor) ကြောင့်ပါပဲ။ သူ့သားရောဂါအတွက် ရန်ပုံငွေရှာဖို့ ဧဝရက်တောင်ကို သူ တက်မှာပါ။

ဒီလွန်ဟာ ဒီဟာက သူ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပေမဲ့ သူ့ရဲ့သားလေး သာမန်က‌လေးတွေလို တစ်ခုခုလုပ်ဖို့၊ လမ်းလျှောက်ဖို့ ကြိုးစားတဲ့အခါတိုင်း တောင်တက်ဖို့အတွက် စိတ်ဓာတ်ခွန်အားရခဲ့တယ်။ သူ့အတွက် ကြိုးစားရင် လွယ်ကူမယ်လို့ ဆိုပါတယ်။ ကွန်နာက အသက် ၂ နှစ် အရွယ်မှာ ကြွက်သားဆိုင်ရာပုံမှန်မဟုတ်တဲ့ ရောဂါကိုခံစားခဲ့ရတာပါ။ ခန္ဓာကိုယ်ထဲက ကြွယ်သားတိုင်းက ကောင်းစွာအလုပ်မလုပ်နိုင်တဲ့ ရောဂါအခြေအနေဖြစ်ပါတယ်။ ဒါက အသက်အန္တရာယ်ရှိပြီး ကုသနည်းလည်းမရှိတဲ့အတွက် ဒီလွန်က ဒါကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါတယ်။

ဒီရောဂါက ရှားပါးရောဂါဖြစ်ပေမဲ့ ကွန်နာတစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်ခ်မှာ ဒီလွန်ဟာ အဲဒီလိုရောဂါနဲ့ သားတစ်ယောက်ရှိတဲ့ ဂျင်မ် ရက်ဖိုနီ (Jim Raffone) ဆိုသူ ဖခင်တစ်ဉီးနဲ့ ဆုံမိခဲ့ပါတယ်။ ဂျင်မ်ကလည်း Duchenne ရောဂါကို သုတေသနလုပ်ဖို့အတွက် ရန်ပုံငွေရှာဖို့နဲ့ ရောဂါအကြောင်း လူတွေသိမြင်လာဖို့အတွက် ပရဟိတအဖွဲ့အစည်း JAR of Hope ကို တည်ထောင်ထားတာပါ။ ဂျင်မ်ကလည်း ဒီလွန်ကို ဒီကြီးမားတဲ့ရန်ပုံငွေရှာတာကို အတူတူလုပ်ရအောင်။ Duchenne အတွက် သုတေသနခန်းတစ်ခုလုပ်ဖို့ ဧဝရက်တောင်ကို တက်ပြီး ရန်ပုံငွေရှာဖို့ ကြိုးစားရအောင်လို့ ပြောခဲ့ပါတယ်။ အဲဒီနဲ့ ဒီလွန်က သူ့ဇနီးကို ဒါနဲ့ပတ်သက်ပြီး ဘယ်လိုသဘောရလဲလို့ မေးတော့ သေချာပေါက်လုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့အမြင့်ဆုံးတောင် ဧဝရက်တောင်ကို ဒီလွန်နဲ့ ဂျင်မ်တို့ စီစဉ်နေကြပါတယ်။

ဒီလွန်၊ ဂျင်မ်နဲ့ အခြားအမျိုးသား (၂) ဉီးတို့က ဧပြီလမှာ ဧဝရက်တောင်တက်ခြင်းကို စတင်တော့မှာဖြစ်ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေပမာဏက ဒေါ်လာ ၉၅,၀၀၀ ဖြစ်ပေမဲ့ ဂျင်မ်က ဆေးသုတေသနခန်းအတွက် ကုန်ကျငွေ ဒေါ်လာ ၇၅၀,၀၀၀ ကို ရန်ပုံငွေရှာဖို့ မျှော်လင့်ထားတာပါ။ ဒီလွန်က တောင်တက်ဖို့အတွက် လေ့ကျင့်ရေးဆင်းနေပြီး ဒီကို လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိတယ်လို့ ဆိုပါတယ်။ ဒီလွန်အတွက် ဒီခက်ခဲတဲ့အရာက သူ့သားကြောင့် ထိုက်တန်ပါတယ်တဲ့။ “ဒါက ကျွန်တော့်အတွက် လုပ်ဆောင်မယ့် အရာမဟုတ်ပါဘူး။ ဒါပေမဲ့ Duchenne ရောဂါရှိတဲ့အခြားသူတွေနဲ့ သူ့သားအတွက် ကူညီဖို့ လုပ်ဆောင်နေတာကြောင့် စိတ်ဓာတ်ခွန်အားဖြစ်ဖို့ လွယ်ကူပါတယ်။ ကျွန်တော် မလုပ်နိုင်တဲ့ အရာမရှိပါဘူး” လို့ ဒီလွန်က ပြောခဲ့ပါတယ်။

Ref: CBSNews “Nothing I wouldn’t do”: This dad is climbing Mount Everest to raise awareness and money for his son’s condition”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top