မီချေးလင်းကြယ်ပွင့်ရ စာဖိုမှူးတွေနဲ့ ပူးပေါင်းပြီး လိုအပ်နေတဲ့သူတွေကို အစားအစာတွေ လှူဒါန်းပေးနေတဲ့ ထိုင်းလူမျိုးစွန့်ဦးတီထွင်လုပ်ငန်းရှင်

18-6-2020-yyl-025.jpg

COVID-19 ကပ်ရောဂါက လူတော်တော်များများရဲ့ဘဝတွေကို ထိခိုက်စေခဲ့ပါတယ်။ အထူးသဖြင့် ဝင်ငွေတွေဆုံးရှုံးနေရတာကြောင့် ငွေရေးကြေးရေးပြဿနာတွေ ရင်ဆိုင်နေရတဲ့သူတွေပါပဲ။ သူတို့တွေက မိသားစုနဲ့ ကိုယ့်ကိုယ်ကိုယ် နေထိုင်စားသောက်ဖို့အတွက် ငွေရှာဖို့ အနိုင်နိုင်ဖြစ်နေရရှာပါတယ်။ တစ်နေ့တာ စားသောက်ဖို့ မတတ်နိုင်တဲ့လူတွေကို ကူညီပေးဖို့အတွက် အစားအစာတွေ လှူဒါန်းပေးနေတဲ့ အဖွဲ့အစည်းတော်တော်များများ ရှိပါတယ်။ အခုဆိုရင် မီချေးလင်းကြယ်ပွင့် (Michelin Star) ရစာဖိုမှူးတွေက ထိုင်းလူမျိုးစွန့်ဦးတီထွင်လုပ်ငန်းရှင်နဲ့ ပူပေါင်းပြီး အစားစားတွေလှူဒါန်းလို့နေပါတယ်။

COVID-19 ကာလအတွင်းမှာ ထိုင်းနိုင်ငံမှာ ရှိနေတဲ့၊ ပြင်သစ်နိုင်ငံမှာ E-commerce လုပ်ငန်းတွေကို ပိုင်ဆိုင်ထားတဲ့ (၂၈) နှစ်အရွယ် ထိုင်းလူမျိုးစွန့်ဦးတီထွင်လုပ်ငန်းရှင် နာတာလီ ဘင်း နက်ခ်ပရာဆာက ထိုင်းဒေသခံတွေကို အစားအစာတွေ ဝေပေးဖို့အတွက် အစားအစာတွေချက်ပြုတ်ပေးမယ့် မီးချေးလင်းကြယ်ပွင့် အမှတ်တံဆိပ်ရစာဖိုမှူးတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဇွန်လ (၁၆) ရက်နေ့က နာတာလီက ဘန်ကောက်မြို့က အဖွဲ့အစည်းတစ်ခုကို ပင်စိမ်းကြက်ကြော်နဲ့ ထမင်းဗူး (၃၀၀) ကျော်ကို ဝေပေးခဲ့ပါတယ်။

ဒေသခံတွေက COVID-19 မပျံ့နှံ့ခင်က အိမ်ဖော်၊ ဆိုင်အကူ၊ လမ်းဘေးဈေးသည်တွေအဖြစ် အလုပ်လုပ်နေခဲ့တာပါ။ အခုဆိုရင် သူတို့တွေက အလုပ်မလုပ်ရတာ (၂) လလောက်ရှိသွားပါပြီ။ နာတာလီက အိမ်နီးချင်းတွေဆီ စားသောက်ကုန်တွေဝေပေးခြင်းဖြင့် ပရဟိတအဖွဲ့အစည်းကို စတင်လုပ်ဆောင်ခဲ့တာပါ။ အခုဆိုရင် သူ့မှာ ထိုင်းနိုင်ငံတစ်ဝှမ်း ပြည်နယ် (၃၂) ခုကျော်က စေတနာ့ဝန်ထမ်း (၄၅၀) ကျော်ရှိပါတယ်။ “ကျွန်မက ပိုက်ဆံကို နောက်မှအမြဲရှာလို့ရပါတယ်။ အခု လူတွေကို ကူညီပေးချင်နေပါတယ်”လို့ နာတာလီက ပြောပါတယ်။

အခုလိုအချိန်အခါမျိုးမှာ ကူညီပေးနေတဲ့အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေရှိနေတဲ့အတွက် အခက်အခဲဖြစ်နေတဲ့သူတွေ အကူအညီရရှိနေကြတာ ဝမ်းသာစရာပါပဲ။ အလုပ်မရှိတော့တဲ့သူတွေလည်း အလုပ်ပြန်လုပ်နိုင်ဖို့ မျှော်လင့်ရပါတယ်။

Ref: This Organisation In Thailand Gives Away Free Michelin-Starred Food To Those In Need

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply