ကိုယ်သုံးနေတဲ့အကောင့်စကားဝှက်တွေ လုံခြုံမှုရှိနေစေဖို့

securekey03.jpg

ဒီခေတ်မှာက နည်းပညာနဲ့နီးစပ်တဲ့လူတိုင်းနီးပါးမှာ တစ်ပါးသူနဲ့ အဆက်အသွယ်ပြုစရာ လူမှုကွန်ရက် အကောင့်ဖြစ်စေ အီးမေးလ်အကောင့်ပဲဖြစ်စေ တစ်ခုခုတော့ရှိနေကြပါတယ်။ ဒါပေမဲ့ အဲဒီအကောင့်တွေရဲ့ စကားဝှက်ကိုတော့ လုံခြုံမှု ရှိ၊ မရှိ ကို သိပ်ပြီးသတိမမူတတ်ကြသူကများပါတယ်။

ကိုယ်သုံးနေတဲ့အကောင့်တွေရဲ့ စကားဝှက်တွေကို ခြေရာခံတာ၊ ပြောင်းလဲပစ်ဖို့ကြိုးစားတာ စတဲ့အြခေအနေတွေကိုကြုံလာရပြီဆိုရင် စကားဝှက်တွေကို ပြောင်းလဲရမှာက ဦးစားပေးကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့လည်းတချို့ကတော့ အဲဒီလိုမလုပ်ကြပါဘူး။ ဒါကြောင့်ပဲ ကိုယ့်ရဲ့အချက်အလက်တွေကို ခိုးယူခံရတာတွေကြုံကြရတာပါ။

ကိုယ့်အကောင့်ရဲ့ စကားဝှက်ကိုပြောင်းသင့်နေပြီလားဆိုတာကို အကြံပြုအသိပေးနိုင်တဲ့ Tool တွေကတော့ အခပေးကော အခမဲ့ပါ များစွာရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ LifeHacker.com ကရွေးချယ်ပေးထားတဲ့ အချက်အလက်ပေါက်ကြားမှု စောင့်ကြည့်ပေးနိုင်တဲ့ Tool တွေရဲ့အကြောင်းပါ။ (ကြိုတင်အသိပေးထားလိုတာကေ ဒါတွေကို သုံးမယ်၊ မသုံးဘူး ဆိုတဲ့ဆုံးဖြတ်ချက်ဟာ စာဖတ်သူရဲ့ သဘောနဲ့သာသက်ဆိုင်တယ်ဆိုတာပါပဲ)

(၁) Google’s Password Checkup extension

Google Chrome Browser သုံးသူအများစုကတော့ Google’s Password Checkup extension ကိုထည့်ထားတတ်လေ့ရှိမှာပါ။ ဝက်ဘ်ဆိုက်တစ်ခုကို သင့်အကောင့်နဲ့ log in မလုပ်သေးသမျှတော့ ဒီ extension ဆီကနေ ဘာအကူအညီမှမရနိုင်ပါဘူး။ log in လုပ်လိုက်ပြီဆိုတာနဲ့ သင့်အကောင့်ထဲက အချက်အလက်တွေပေါက်ကြားမှု ရှိ မရှိလားကို စပြီးစစ်ဆေးပေးမှာပါ။ စကားဝှက်အသစ်ပြောင်းဖို့ လိုအပ်နေရင် ပြောင်းဖို့အကြံပြုမှာလည်းဖြစ်ပါတယ်။ သင့်အကောင့်ရဲ့စကားဝှက်ကို မှတ်သားထားဖို့ လုပ်ဆောင်ချက်တွေထည့်သွင်းထားခြင်းတော့မရှိပါဘူး။ လုံခြုံစိတ်ချရမှုမရှိတဲ့စကားဝှက်တွေကို ပြောင်းလဲဖို့အသိပေးနိုင်အောင်သာဖန်တီးထားလို့ စိတ်ချလက်ချသုံးနိုင်တယ်လို့ Google ကပြောထားပါတယ်။

(၂) Have I Been Pwned

ဒီတစ်ခုကတော့ သုံးရပိုလွယ်ပါတယ်။ ကိုယ့်အီးမေးလ်လိပ်စာကို ဝက်ဘ်ဆိုက်ရဲ့”Notify Me” ဆိုတဲ့နေရာကနေ ပို့ပေးထားရုံပါ။ အချက်အလက်ပေါက်ကြားမှုရှိနေပြီဆိုတာနဲ့ သတိပေးတဲ့ မေးလ်တစ်စောင်ပို့ပေးမှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုက အခမဲ့ပါ။ သတိပေးတဲ့အီးမေးလ်ကို ရလာလို့ စကားဝှက်ပြောင်းတော့မယ် ဆိုရင် လည်း လုံခြုံပြီးခိုင်မာတဲ့ စကားဝှက်မျိုးကို အသေအချာရွေးချယ်ပြီး ပြောင်းဖို့အရေးကြီးပါတယ်။

(၃) Firefox Monitor

Firefox Monitor က Have I Been Pwned နဲ့ပုံစံတူပါပဲ။ အသွင်အပြင်ကွဲနေတာကလွဲရင် အားလုံးတူညီ နေတာပါ။ Firefox ကိုစွဲမြဲသုံးသူတစ်ယောက်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်ကို သုံးကိုသုံးကြည့်သင့် ပါတယ်။

(၄) 1 Password

ဒါကတော့ အခပေးဝန်ဆောင်မှုပါ။ အသုံးပြုခသွင်းပြီးတာနဲ့ password manager တစ်ခုရမှာဖြစ်ပြီး အချက်အလက်ပေါက်ကြားမှုကို အမြဲမပြတ်စောင့်ကြည့်သတိပေးနေပါလိမ့်မယ်။ 1Password က အချက်အလက်ပေါက်ကြားတဲ့အကောင့်တွေထဲမှာပါနေလားအသိပေးတာအပြင် ကိုယ်လက်ရှိသုံးနေတဲ့ စကားဝှက်တွေကိုလည်းအစဖော်ပေးနိုင်တာကြောင့် မလုံခြုံဘူးလို့ဝေဖန်တာတွေ ရှိနေပါတယ်။ ဒါပေမဲ့ တစ်ဘက်ကပြန်ကြည့်ရင်တော့ အခမဲ့ဝန်ဆောင်မှုတွေထက် ပိုအသေးစိတ်ကျတဲ့လုပ်ဆောင်နိုင်မှုရှိတယ်လို့ ဆိုရမှာပါ။

(၅) Hasso Plattner Institute’s Identity Leak Checker

Germany နိုင်ငံအခြေစိုက် Hasso Plattner Institute ကဖန်တီးထားတဲ့ ဒီ Tool မှာက အချက်အလက် ပေါက်ကြားမှုကို အမြဲတမ်းစောင့်ကြည့်ပေးနေတဲ့လုပ်ဆောင်မှုမျိုးတော့ မပါနေပါဘူး။ ဒါပေမဲ့ ကိုယ့်အကောင့်ရဲ့ လုပ်ဆာင်ချက်အသေးစိတ်ကိုပြန်ကြည့်ဖို့အတွက်တော့ အတော်လေးအသုံးတည့် ပါတယ်။

(၆) Credit Karma

Credit Karma က ငွေကြေးနဲ့သက်ဆိုင်တဲ့ဝန်ဆောင်မှုတွေကို အဓိကဆောင်ရွက်ပေးနေတာဖြစ်ပေမဲ့ အကောင့်အချက်အလက်ပေါက်ကြားမှုကိုစောင့်ကြည့်ပေးတဲ့လုပ်ဆောင်ချက်လည်းပါပါတယ်။ ကိုယ့်အီးမေးလ်လိပ်စာကို ဝက်ဘ်ဆိုက်မှာစာရင်းသွင်းထားရမှာဖြစ်ပြီး သူ့ဆီက အကြောင်းကြားတဲ့အီးမေးလ်ကိုရလာပြီဆိုရင် စကားဝှက်ကို ချက်ချင်းပြောင်းပစ်ဖို့ လိုနေပြီဆိုတာ သဘောပေါက်ရမှာပါ။

Ref: LifeHacker.com “How to Make Sure Your Passwords Haven’t Been Stolen”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top