ဖီဖာကမ္ဘာ့ကလပ်ဖလားကြောင့် ဒီဇင်ဘာလမှာ ပွဲဆက်များမယ့် လီဗာပူး

yyl-23-007.jpg

ဒီဇင်ဘာပွဲကျပ်ကာလမှာ သူတို့အတွက် ပွဲဆက်များနိုင်ပေမဲ့ လာမယ့်ဒီဇင်ဘာလ ကျင်းပမယ့် ဖီဖာကမ္ဘာ့ကလပ်ဖလား(FIFA Club World Cup)ကို ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ လီဗာပူးအသင်းက အတည်ပြုခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ဖီဖာကမ္ဘာ့ကလပ်ဖလားမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ရင် (၁၂)ရက်အတွင်း ပွဲစဉ်(၄)ပွဲအထိ ကစားရဖို့ ရှိနေပါတယ်။

လီဗာပူးဟာ ဒီဇင်ဘာလ(၁၄)ရက်မှာ ဝက်ဖို့ဒ်နဲ့ အိမ်ကွင်းပွဲစဉ် ကစားရမှာဖြစ်ပြီး ဒီဇင်ဘာလ(၁၈)ရက်မှာ ဖီဖာကမ္ဘာ့ကလပ်ဖလား ဆီမီးဖိုင်နယ် ကစားရမှာပါ။ အဲဒီပွဲမှာ အနိုင်ရခဲ့ရင် ဒီဇင်ဘာလ(၂၁)ရက်မှာ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ဒီဇင်ဘာလ(၂၆)ရက်နေ့မှာ လက်စတာနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာပါ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top