ဆန်ချိုကို မန်ယူထံရောင်းချဖို့ ဆွေးနွေးရာမှာ ဒေါ့မွန်က ထိပ်တန်းအေးဂျင့်ကို စေလွှတ်ထား

30-7-2020-yyl-012.jpg

ဒေါ့မွန်အသင်းဟာ ဂျာဒန်ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် မန်ယူအသင်းနဲ့ ဆွေးနွေးညှိနှိုင်းရာမှာ အူဘာမီယန်း၊ အော့စမန်ဒမ်ဘီလီတို့ကို ပြောင်းရွှေ့ကြေး များများစားစားရအောင် ရောင်းထုတ်ပေးနိုင်ခဲ့တဲ့ အေးဂျင့်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်း တောင်းဆိုနေတာကို ဒေါ့မွန်ဘက်က မလျှော့ပေးဘူးဆိုရင် စာချုပ်ချုပ်ဆိုမယ့်ကိစ္စကနေ နုတ်ထွက်သွားမယ်လို့ မန်ယူအသင်းဘက်က ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ ဒေါ့မွန်က အဲဒီအေးဂျင့်နဲ့ လှုပ်ရှားစေခဲ့တာပါ။

အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလမျိုးမှာ ဆန်ချိုအတွက် ဒေါ့မွန်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးက ယုတ္တိမရှိဘူးလို့ မန်ယူဘက်က ယုံကြည်နေပါတယ်။ ဒေါ့မွန်ဘက်ကလည်း သူတို့အသင်းရဲ့ တန်ဖိုးအရှိဆုံး ကစားသမားကို ပြောင်းရွှေ့ကြေး လျှော့မပေးနိုင်ဘူးလို့ ဆုံးဖြတ်ထားကြောင်း ဂျာမနီသတင်းစာ Bild က ဖော်ပြပါတယ်။ ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် အာဆင်နယ်နဲ့ ဂျူဗင်တပ်နောက်ခံလူ စတီဖင်လစ်ချ်စတိန်နာရဲ့အစ်ကို မာကိုလစ်ချ်စတိန်နာက အဓိကအခန်းကဏ္ဍကနေ ပါဝင်ဆွေးနွေးနေပါတယ်။ မာကိုလစ်ချ်စတိန်နာဟာ ၂၀၁၇ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ အော့စမန်ဒမ်ဘီလီကို ပြောင်းရွှေ့ကြေး ပေါင် (၁၃၅.၅) သန်းနဲ့ ဘာစီလိုနာအသင်းထံ ရောင်းချမှု၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက အူဘာမီယန်းကို ပေါင်(၅၆)သန်းနဲ့ အာဆင်နယ်အသင်းထံ ရောင်းချမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူပါ။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top