အချို့သောသူများကိုမကိုက်အောင် ခြင်များအားလေ့ကျင့်ယူနိုင်ကြောင်း စစ်တမ်းတစ်ခုမှဖော်ပြ

mosquito_main01.jpg

ကမ္ဘာပေါ်မှာ တစ်နှစ်တစ်နှစ် လူတွေကို အသေစေနိုင်ဆုံးသတ္တဝါများဟာ သားရဲတိရိစ္ဆာန်များမဟုတ်ပါဘူး။ မြွေများလည်းမဟုတ်ပါဘူး။ ခြင်များ ဖြစ်ပါတယ်။ သူ့နောက်မှာ လူတွေကပဲ လူတွေကို အသေစေနိုင်ဆုံးအဖြစ် ဒုတိယလိုက်ပါတယ်။ ဒီစစ်တမ်းကို Bill Gates က သူ့ရဲ့ Blog မှာတင်ပြခဲ့ပြီး အောက်ပါ infographic ကို ကြည့်ရှုလေ့လာနိုင်ပါတယ်။

ဒါပေမဲ့ အခုနောက်ဆုံးထွက်ပေါ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ ခြင်များဟာ လူတွေကိုမကိုက်အောင် လေ့ကျင့်ပေးလို့ရတဲ့သတ္တဝါများဖြစ်ပါတယ်။

Current Biology က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ခြင်တစ်ကောင်ကို သင်ကရိုက်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် သူဟာ သူ့အသက်အန္တရာယ်ကိုထိခိုက်တော့မယ့် အဲဒီအနံ့ကိုမှတ်သားထားပြီး နောက်ဆိုရင် ရှောင်ရှားနေတတ်တယ်လို့ဆိုပါတယ်။ ဒါဟာ ခြင်များက လေ့ကျင့်ပြီးသင်ယူတတ်တဲ့ သတ္တဝါများဖြစ်တယ်ဆိုတာကို ပြသတဲ့ ပထမဆုံးစစ်တမ်းတစ်ခု ဖြစ်ပါတယ်။

National Geographic နဲ့ အင်တာဗျုးတုန်းမှာတော့ ဒီသုတေသနရဲ့ ဦးဆောင်သူဖြစ်သူ ဝါရှင်တန်တက္ကသိုလ်က Neuroecologist တစ်ယောက်ဖြစ်တဲ့ Jeff Riffel က “သူတို့ဟာ Palvov’s ရဲ့ ခြင်များဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ သူကဘာကိုဆိုလိုသလဲဆိုတော့ ခွေးများဟာ အလွယ်တကူလေ့ကျင့်တတ်မြောက်လွယ်တဲ့ သတ္တဝါများဖြစ်တယ်ဆိုတာကို လေ့လာခဲ့တဲ့ နာမည်ကျော်စစ်တမ်းတစ်ခုနဲ့ ယှဉ်ပြလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီလိုပဲ ခြင်များဟာ အချို့သောသူများကိုရှောင်ရှားဖို့အတွက် လေ့ကျင့်လို့ရတယ်လို့ ဆိုပါတယ်။

အင်းဆက်ပိုးများကို လေ့ကျင့်လို့ရသလား

ခြင်များဟာ ကြုံရာကို ကိုက်လေ့ရှိသူများမဟုတ်ပါဘူး။ သူတို့ဟာ သူ့အတွက်ဆွဲဆောင်မှုရှိတဲ့ အနံ့ပိုင်ဆိုင်သူများကိုသာ ဦးစားပေးပြီးကိုက်လေ့ရှိပါတယ်

ခြင်များဟာ ကြုံရာကို ကိုက်လေ့ရှိသူများမဟုတ်ပါဘူး။ သူတို့ဟာ သူ့အတွက်ဆွဲဆောင်မှုရှိတဲ့ အနံ့ပိုင်ဆိုင်သူများကိုသာ ဦးစားပေးပြီးကိုက်လေ့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ လူတွေရဲ့အနံ့ဟာ ခြင်များအတွက် ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်က ခြင်တစ်ကောင်ကို ရိုက်ဖို့ ကြိုးစားလိုက်ပြီဆိုရင် သူတို့ဟာ ခြင်ရဲ့ကိုက်ချင်စိတ်ကို အနှောက်အယှက်ပေးတဲ့ သေးငယ်သောတုန်ခါမှုတစ်ခု သူတို့အရေပြားပေါ်မှာ ဖြစ်စေသွားပါတယ်။

သုတေသီများဟာ မိနစ် (၂၀) စီရှိတဲ့ ဒီလိုတုန်ခါမှုများကို ပေးစေပြီး စောင့်ကြည့်ရာမှာ ခြင်များရဲ့ ကိုက်ဖို့ကြိုးစားမှုများဟာ ဒီတုန်ခါမှုနဲ့ အနှောက်ယှက်ခံလိုက်ရပြီဆိုရင် သူတို့ဟာ အဲဒီအနံ့ကို (၂၄) နာရီတိုင်အောင် ရှောင်ရှားနေကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီအကျိုးဟာ သူတို့ဆီက နာမည်ကြီး ခြင်ဆေးတစ်ခုဖြစ်တဲ့ DEET ရဲ့ အကျိုးသက်ရောက်မှုနဲ့ တူတယ်လို့ ပြောကြားခဲ့ပါတယ်။

ခြင်ဆေးတွေထဲမှာ အခုလို ကိုက်ချင်စိတ်ကိုပပျောက်စေတဲ့ရှောင်ရှားမှုမျိုးဖြစ်စေမယ့်အနံ့ကို ထည့်သွင်း ထုတ်ဖော်နိုင်ခဲ့ပြီဆိုရင်လည်း အများကြီးအကျိုးရှိမှာဖြစ်ပါတယ်

ဒီတွေ့ရှိမှုလေးတစ်ခုဟာ ခြင်များကြောင့် ရောဂါဘယများဖြစ်စေမှုကို ထိထိရောက်ရောက် ထိန်းချုပ်ပေးနိုင်မယ့် ရလဒ်တစ်ခုကို ချက်ချင်းထုတ်မပေးဘူးဆိုပေမဲ့ ကျွန်တော်တို့ အကောင်းမြင်ကြရမှာဖြစ်ပါတယ်။ ဒီအကျိုးသက်ရောက်မှုကို သေသေချာချာအသုံးချနိုင်ပြီဆိုရင် ကျွန်တော်တို့ဟာ ခုနကပြောခဲ့သလို ခြင်ဆေးတွေထဲမှာ အခုလို ကိုက်ချင်စိတ်ကိုပပျောက်စေတဲ့ရှောင်ရှားမှုမျိုးဖြစ်စေမယ့်အနံ့ကို ထည့်သွင်း ထုတ်ဖော်နိုင်ခဲ့ပြီဆိုရင်လည်း အများကြီးအကျိုးရှိမှာဖြစ်ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့ မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top