(၅) မြန်မာနိုင်ငံ-အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်းမှ ကြီးမှူးကျင်းပမည့် ဈေးရောင်းပွဲတော် တစ်ရပ်ကို ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်အတွင်းရှိ Yangon Convention Centre တွင် စက်တင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါဈေးရောင်းပွဲတော်တွင် အာဆီယံနိုင်ငံများ၏ ထွက်ကုန်နှင့် ရိုးရာအစားအစာများ၊ လက်မှုအနုပညာ ပစ္စည်းများနှင့် လက်ဝတ်ရတနာများ၊ ရိုးရာအဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ပြီး မည်သူမဆို ဝင်ကြေးလက်မှတ်တစ်စောင်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် လေ့လာကြည့်ရှု နိုင်မည် ဖြစ်သည်။
ယခုဈေးရောင်းပွဲတော်ကိုကျင်းပရခြင်းသည် အာဆီယံ၏ မတူကွဲပြားသော ယဉ်ကျေးမှု၊ အစားအစာနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ ဖော်ထုတ်ပြသရန်၊ ပြည်သူများအကြား အာဆီယံဆိုင်ရာ အသိအမြင်ဗဟုသုတများ တိုးမြှင့်ရန်နှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်သည်။
KST (ရိုးရာလေး)
(၅) အာဆီယံနိုင်ငံရဲ့ ရိုးရာအစားအစာ၊ လက်မှုအနုပညာ၊ လက်ဝတ်ရတနာ၊ အဝတ်အထည်တွေကို ခင်းကျင်း ပြသရောင်းချမယ့် ဈေးရောင်းပွဲတော်သတင်း
![yyl59029.jpg](https://yoyarlay.com/wp-content/uploads/bfi_thumb/yyl59029-6rp5mitbwlgkh2k7iyt6u2gagdlopjnp36g4xbumc04.jpg)