နှုတ်ခမ်းနီ အနီရောင်ကို စတိုင်ကျကျ ဘယ်လိုဆိုးမလဲ

make-up-artist-apply-lipstick-with-brush-beauty-PS9XY4K.jpg

အနီရောင် နှုတ်ခမ်းနီလေး ဆိုးထားရင် ဆွဲဆောင်မှုရှိပြီးတော့ မျက်နှာလေးက ဆွဲငင်အားကောင်းနေမှာ အသေအချာပါပဲ။ ဒီလို အစားထိုးလို့မရတဲ့ နှုတ်ခမ်းနီ အနီရောင်က ကျွန်မတို့လို အလှအပကို ကြိုက်နှစ်သက်တဲ့သူတွေရဲ့ မိတ်ကပ်အိတ်ထဲမှာ အမြဲရှိနေမယ်ဆိုရင် မှန်ရဲ့လား…

နှုတ်ခမ်းနီ အနီရောင်လေးရဲ့ စုတ်တစ်ချက်က သင့်မျက်နှာလေးကို ထင်းခနဲ လှနေမှာနော်။ ရီဟားနား၊ တေလာဆွဖ်တို့လို ကမ္ဘာကျော် အဆိုတော်ကြီးတွေတောင်မှ သီချင်းတော်တော်များများမှာ နှုတ်ခမ်းနီ အနီရောင်ဆိုးထားတာ တွေ့ကြမှာပဲနော်။ သူတို့လိုမျိုး နှုတ်ခမ်းနီအနီရောင်ကို စတိုင်ကျကျဆိုးတတ်အောင် အကြံပေးပါရစေ။

ဘယ်လိုဆိုးရမလဲဆိုတာ မပြောခင် လိုက်ဖက်တဲ့အနီရောင်ကို ရွေးချယ်နိုင်ဖို့နည်းလမ်းလေးတွေ အရင်ပြောပြမယ်နော်…။

၁။ အသားအရေနဲ့ လိုက်ဖက်တဲ့ အနီရောင်ကို ရွေးချယ်ပါ။ အနီရဲရဲလား၊ လိမ္မော်ဖက်သွားတာလား၊ အနီဖျော့ဖျော့လား ရွေးချယ်ပါ။

၂။ ဆိုးပြီးသွားတဲ့အခါ သက်တောင့်သက်သာ ဖြစ်မဖြစ် ကြည့်ပါ။ နှုတ်ခမ်းဆိုးဆေး အခြောက်၊ အဆီပုံစံ၊ အပြောင်ပါတာ၊ ခရင်မ်ပုံစံနဲ့ နှုတ်ခမ်းနီ အရည်ဆိုပြီး အမျိုးမျိုးရှိပါတယ်။

၃။ နှုတ်ခမ်းနီမဆိုးခင် သွားပွတ်တံ အခြောက် တစ်ချောင်းနဲ့ အရင်ချောမွေ့အောင် လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက နှုတ်ခမ်းနီကို ပိုကြာရှည်ခံစေပါတယ်။

၄။ နှုတ်ခမ်းနီမဆိုးခင် နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပေးဖို့ နှုတ်ခမ်းပေါင်းဆေး သုံးသင့်ပါတယ်။

၅။ နှုတ်ခမ်းနီတွေ ဘေးကိုပျံ့ပြီး မပေစေချင်ရင် နှုတ်ခမ်းဆွဲလိုင်နာနဲ့ ပုံဖော်ပေးပါ။

ဒါကတော့ နှုတ်ခမ်းနီအနီရောင်ကို လှလှပပဆိုးဖို့ မရှိမဖြစ် လိုအပ်တဲ့အရာတွေပါပဲ။ နှုတ်ခမ်းပေါင်းဆေး၊ နှုတ်ခမ်းနီ၊ Lipliner (နှုတ်ခမ်းဆွဲလိုင်နာ)၊ နှုတ်ခမ်းသုံးဘရပ်ရှ်၊ တစ်ရှူးတို့ လိုအပ်ပါတယ်။

အဆင့် ၁။ မိတ်ကပ်မလိမ်းခင်ကတည်းက နှုတ်ခမ်းပေါင်းဆေး အရင်လိမ်းပါ။ ဒါမှ နှုတ်ခမ်းထဲကို စိမ့်ဝင်ဖို့ အချိန်အလုံအလောက်ရမှာလေ.. တကယ်လို့ နှုတ်ခမ်းက ခြောက်ပြီး အဖတ်တွေကွာနေတယ်ဆိုရင် ရေစိုတစ်ရှူးလေးနဲ့ ညင်ညင်သာသာသုတ်ပြီး သန့်စင်လိုက်ပါ။

အဆင့် ၂။ နှုတ်ခမ်းပေါင်းဆေးလိမ်းပြီး နှုတ်ခမ်းနီတန်းမဆိုးနဲ့နော်။ တစ်ရှူးနဲ့သန့်စင်ပြီးသွားရင် ပေါင်ဒါအလွှာပါးလေးတစ်ထပ်ကို ဘရပ်ရှ်လေးနဲ့ ပုတ်ပေးပါ။

အဆင့် ၃။ နှုတ်ခမ်းနီဆိုးပြီဆိုရင် နှုတ်ခမ်းနီဆိုးတဲ့ဘရပ်ရှ်လေးနဲ့ သပ်သပ်ရပ်ရပ်လေးဆိုးပါ။

အဆင့် ၄။ ပြီးမှ ကိုယ်ဆိုးထားတဲ့နှုတ်ခမ်းနီအနီရောင်နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းဆွဲလိုင်နာကို အစွန်းလေးတွေ တိကျအောင်ဆွဲပါ။ လိုင်နာသုံးတော့ နှုတ်ခမ်းဖူးဖူးလေးလဲ ဖြစ်တာပေါ့။

အဆင့် ၅။ နှုတ်ခမ်းမှာ အဆီတွေမရှိဘဲ သိပ်သိပ်ကလေး ဖြစ်နေအောင် တစ်ရှူးတစ်ရွက်ကိုယူပြီး နှုတ်ခမ်းကိုဖိပေးပါ။ ပြီးမှ နောက်တစ်ခေါက် နှုတ်ခမ်းနီ ပါးပါးလေး ထပ်ဆိုရင် ရဲရဲလေးနဲ့ လှနေမှာ အသေအချာပါပဲ။

အဆင့် ၆။ နောက်ဆုံးတစ်ခုကတော့ ပျိုမေတိုင်း သတိမထားမိနိုင်တဲ့အရာတစ်ခုပါပဲ။ သွားမှာ နှုတ်ခမ်းနီပေနေလား မကြည့်မိတာပေါ့။ ဒါဆို နှုတ်ခမ်းနီပေနေလားကြည့်ဖို့ မမေ့နဲ့နော်။

ပျိုမေတို့အားလုံးပဲ နှုတ်ခမ်းနီ အနီရောင် ဆိုးရမှာကို ရှက်ရွံ့မနေပါနဲ့။ နှုတ်ခမ်းနီ အနီရောင်ဆိုတာ အမတို့ ညီမလေးတို့ကို ယုံကြည်မှု အပြည့်အဝပေးနိုင်ပါတယ်။ ကဲအားလုံးပဲ… နှုတ်ခမ်းနီ အနီရဲရဲလေးကို စမတ်ကျကျဆိုးပြီး လန်းလိုက်ကြရအောင်…။

Ref: www.stylecraze.com “How to wear lipstick”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top