Tom and Jerry ဖန်တီးရှင် Gene Deitch အသက် (၉၅) နှစ်မှာ ကွယ်လွန်သွားခဲ့ပြီ

21-4-2020-yyl-007.jpg

Tom and Jerry ကာတွန်းကားဆို ကလေးကအစ အကုန်သိကြပြီး ကြိုက်နှစ်သက်ခဲ့ရတာပါ။ စာဖတ်ပရိသတ်တွေထဲက တချို့လည်း Tom and Jerry ကာတွန်းကားနဲ့ ကြီးပြင်းခဲ့ကြရတာမလား။ အဲဒီ Tom and Jerry ဇာတ်ကောင်တွေကို ပုံဖော်ရေးဆွဲခဲ့သူ Gene Deitch ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ့ရဲ့တိုက်ခန်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ သူ သေဆုံးတဲ့အချိန်မှာ သူ့အသက်က (၉၅) နှစ်ရှိနေပါပြီ။ ဒီသတင်းကို သူ့ရဲ့ထုတ်ဝေသူက Gene Deitch ဟာ မမျှော်လင့်ဘဲ သေဆုံးခဲ့တာဖြစ်တယ်ဆိုပြီး အတည်ပြုပေးခဲ့ပါတယ်။

Gene ကို Tom and Jerry အပါအဝင် Munro, Nudnik, Popeye လို့ ကာတွန်းကားတွေကို ဖန်တီးပုံဖော်ပေးသူအဖြစ် လူသိများခဲ့တာပါ။ သူဟာ စစ်တပ်အတွက် တာဝန်မထမ်းဆောင်ခင် လေယာဉ်မှူးလေ့ကျင့်ရေးကို မဝင်ရောက်ခင်က North American Aviation အတွက် ပုံကြမ်းရေးဆွဲပေးသူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူက ၁၉၄၅ ခုနှစ်ကနေ ၁၉၅၁ခုနှစ်အထိ The Record Changer မဂ္ဂဇင်းအတွက် မျက်နှာဖုံးပုံရေးဆွဲပေးခဲ့တာပါ။

သူ ဖန်တီးရေးဆွဲခဲ့တဲ့ Tom and Jerry ဇာတ်ကောင်တွေက ပရိသတ်တွေကို ရယ်စရာတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေတဲ့ ကာလတွေတုန်းက Deneဟာ Tome and Jerry နဲ့ Popeye ကာတွန်းတွေရဲ့ အပိုင်းတွေကို အိမ်ကနေ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးမှုတွေက လူတော်တော်များများရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိစေခဲ့တဲ့ လမ်းကြောင်းဖြစ်သလို အမှတ်တရတွေအဖြစ် ထာဝရကျန်ရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းတစ်လျှောက်မှာ သူ့ရဲ့အန်နီမေးရှင်းဖန်တီးမှုတွေအတွက် အော်စကာဆုစာရင်းမှာ အကြိမ်ကြိမ် ဆန်ကာတင်ဝင်ခဲ့ပါတယ်။ ၁၉၆၀ခုနှစ်မှာတော့ Munro ဇာတ်လမ်းတိုအတွက် Academy Award ကို ရရှိခဲ့ပါတယ်။

Tom and Jerry ဖန်တီးရှင် Gene ကွယ်လွန်သွားခဲ့တဲ့အတွက် ပရိသတ်တွေက သူတို့ရဲ့ငယ်ဘဝကိုသူ့ရဲ့အန်နီးမေးရှင်းနဲ့ ပြီးပြည့်စုံအောင် လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောရင်း ဝမ်းနည်းကြောင်းစာတွေကို အွန်လိုင်းမှာတင်ခဲ့ကြပါတယ်။ Gene Deitch ဟာ ပရိသတ်တွေနဲ့ ရှိမနေနိုင်တော့ပေမဲ့ သူ့ရဲ့ရေမတွက်နိုင်တဲ့ ဖန်တီးမှုတွေကတော့ ပရိသတ်တွေနဲ့ အမြဲတမ်း ဆက်လက်ရှိနေမှာပါ။ အခုလို ကပ်ရောဂါကြောင့် ပရိသတ်တွေအိမ်မှာနေရင်း Tom and Jerry ကာတွန်းကားတွေကို ပြန်ကြည့်ရင်း ငယ်ဘဝကို ပြန်လည်တမ်းတလို့ရမယ့် အခွင့်အရေးဖြစ်နိုင်ပါတယ်နော်။ အခုလို ပညာရှင်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် ဘယ်သူမဆို Gene Deitch ရဲ့မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှခံစားကြရမှာပါ။

Ref: Tom and Jerry director Gene Deitch dies aged 95

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top