မှုခင်းဇာတ်ကားသစ်အတွက် ဝိတ်အတင်၊ အချ လုပ်ခဲ့ရတဲ့ တွမ်ဟော်လန်

12-1-2021-yyl07.jpg

ပင့်ကူလူသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် မင်းသားချော တွမ်ဟော်လန်က အခုတစ်ခါမှာတော့ မှုခင်းဇာတ်ကားအသစ် Cherry မှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားပါတယ်။ အဲဒီဇာတ်ကားမှာ ပရိသတ်တွေက သူ့ကို ခါတိုင်းမြင်ဖူးနေကျဇာတ်ရုပ်နဲ့မတူတဲ့ သရုပ်ဆောင်ချက်တွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ တွမ်ဟော်လန်က အဲဒီဇာတ်ကားမှာ ဇာတ်ရုပ်ပီပြင်ဖို့အတွက် ဝိတ်အတင်၊ အချလုပ်ခဲ့ရတယ်လို့ ဒါရိုက်တာ ဂျို ရုစ်ဆိုစ်က ထုတ်ပြောထားပါတယ်။

“တွမ်က သူ့ဇာတ်ရုပ်အတွက် တကယ်ကြိုးစားခဲ့တာပါ။ သူဟာ ပေါင် ၃၀ လောက် ကိုယ်အလေးချိန်ချခဲ့တဲ့အပြင် ပြန်ပြီးဝိတ်တက်လာအောင်လည်း လုပ်ခဲ့ရတာပါ။ သူ ဒီလိုတွေလုပ်ဖို့အတွက် အချိန်အများကြီးတော့မရခဲ့ဘူး” လို့ ဒါရိုက်တာက ဆိုပါတယ်။ တွမ်ဟော်လန်က မူးယစ်ဆေးစွဲလာခဲ့တဲ့၊ မူးယစ်ဆေးအတွက် ဘဏ်ကို ဓားပြတိုက်ခဲ့တဲ့ စစ်ဆရာဝန်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ထားပါတယ်။

တွမ်ရဲ့ဇာတ်ကောင်နဲ့ အယ်မလီလို့ခေါ်တဲ့ အမျိုးသမီးကြားက အချစ်ဇာတ်လမ်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားက အချစ်ဇာတ်လမ်း၊ စစ်ကား၊ ဘဏ်ဓားပြတိုက်တဲ့ဇာတ်ကား၊ မူးယစ်ဆေးစွဲတဲ့ဇာတ်ကားဖြစ်တဲ့အပြင် ရှုပ်ထွေးလှတဲ့ ဘဝအတွေ့အကြုံများစွာပါဝင်တဲ့ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

တွမ်ဟော်လန်ကို မတူတဲ့ဇာတ်ရုပ်နဲ့မြင်တွေ့ရမယ့် Cherry ဇာတ်ကားဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ မှာ ထွက်ရှိမှာဖြစ်ပြီး တွမ်ဟော်လန်နဲ့ ဆီယာရာ ဘရာဗို တို့က အဓိကသရုပ်ဆောင်ထားကြပါတယ်။

Ref: AsiaOne “Tom Holland lost and gained 14kg for new crime movie”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top