၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်မှ ၂၄ ရက်အတွင်း ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည့် PUBG MOBILE CHAMPIONSHIP 2020 ဖိုင်နယ်ပွဲစဉ်သို့ ထိပ်တန်းအသင်း ၁၆ သင်း တက်ရောက်

Photo-1.png

PUBG MOBILE Global Championship (PMGC) 2020 League တွင် ကမ္ဘာ့အကောင်းဆုံး အသင်းများ ၏  ၄ပတ်ကြာ PUBG MOBILE esports ပြိုင်ပွဲများ ပြီးဆုံးပြီးနောက်  Four Angry Men အဖွဲ့သည် နောက်လထဲတွင် ကျင်းပပြုလုပ်မည့် 2020 PMGC ဖိုင်နယ်ပွဲစဉ်များတွင် ထိပ်ဆုံးနေရာယူရန် ကြိုးစားနေကြသောအခြားအသင်းများထက် သာလွန်ကြောင်း ပြသခဲ့သည်။  အသင်း ၁၆ သင်းမှ ၎င်းတို့၏ အောင်မြင်မှုတို့နှင့်အတူ ဇန်နဝါရီလ ၂၁ မှ ၂၄ ရက်နေ့အတွင်း ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည့် PMGC 2020 ၏ ဆုကြေးငွေ USD 2,000,000 ကို ခွဲဝေယူကြရမည်ဖြစ်သည်။ ကြေညာချက် ဗီဒီယိုကို ဤတွင်ကြည့်ပါ။

ဒီဇင်ဘာ ၂၈၊ ၂၀၂၀ခုနှစ်၊ ရန်ကုန်။ ။ PUBG MOBILE Global Championship (PMGC) 2020 League ၏ ပြီးဆုံးချိန်ကို ရောက်ရှိဖို့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပြီး PMGC 2020 Finals ကို အရည်အချင်းပြည့်ဝသည့် အသင်း ၁၆ သင်းမှ နောက်လထဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Four Angry Men အဖွဲ့သည် မယုံကြည်နိုင်စရာ ကောင်းလှသည့် တိုက်ရည်ခိုက်ရည်များနှင့်အတူ ထိပ်ဆုံးမှ အနိုင်ရရှိသွားပြီး Bigetron Red Aliens က ဒုတိယနေရာကို ရရှိကာ PRQ Athena က တတိယနေရာကို အသီးသီး ရရှိခဲ့ကြသည်။ 33Svan မှ FourAngry Men အဖွဲ့က အောင်နိုင်ခဲ့ပြီး PMGC 2020 League MVP အဖြစ် သရဖူဆောင်းခဲ့ကြသည်။ 

PMGC 2020 Finals သို့ တက်ရောက်နိုင်ခဲ့သည့် ၁၆ သင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

PMGC 2020 Finals ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒူဘိုင်းကနေ တစ်ကမ္ဘာလုံးသို့ အွန်လိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။ ဖိုင်နယ်ပွဲစဉ်များကို Public သို့ မပြသနိုင်ခြင်းက ဒီနှစ်၏ အဆင်မပြေသည့် အချက်တစ်ချက်ဖြစ်သော်လည်း Offline ပွဲတွင် အဖွဲ့များကို အဆင့်မြှင့်တင်ထားသည့် Field နေရာများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ PMGC Final ဆုဖြစ်သည့် USD 2,000,000 သည် PUBG MOBILE သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးဆုဖြစ်သည်။ PMGC 2020 Final ပွဲစဉ်များကို PUBG MOBILE Esport YouTubeFacebook နှင့် Twitch Channel တို့တွင် ကြည်ရှု့နိုင်မည်ဖြစ်သည်။ 

PMGC ပွဲကို အဓိက ကူညီထောက်ပံ့ပေးသူမှာ Ultimate Gaming Advantage များကို ပြုလုပ်ပေးနေသည့် Qualcomm® Snapdragon Elite Gaming™ ဖြစ်ပြီး 5G Mobile Platforms တွင် ဈေးကွက်တွင်ထိပ်ဆုံးရောက်ရှိနေသည့် စမတ်ဖုန်းများ၏ Hardware နှင့် Software Features များကို ဖြည့်စွမ်းပေးနေသည်။ OnePlus သည့် ကမ္ဘာပေါ်တွင်ဦးဆောင်နေသော မိုဘိုင်းကုမ္ပဏီတစ်ခုဖြစ်ပြီး Ultra-fast OnePlus 8T 5G Smartphone ကို PMGC ၏ တရားဝင် Device တစ်ခုအနေဖြင့် Feature လုပ်ထားသည်။ OnePlus 8T ကို Snapdragon™ 865 5G Mobile Platform က ပါဝင်အားဖြည့်ပေးထားသည်။

Mountain Drew မှ PMGC ၏ Beverage ပါတနာအနေဖြင့်ပါဝင်ထားပြီး အနာဂတ်ရဲ့မျိုးဆက်သစ် Gaming Talent များကို အားဖြည့်ကူညီလျှက်ရှိသည်။  PMGC Finals ပွဲစဉ်များကို အားကစားကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ကြီးကြပ်ရေးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၏ စီမံခန့်ခွဲရေး၊ တိုးတက်ကြီးပွားရေးနှင့် ဈေးကွက်မြှင့်တင်ရေးတို့ကို
ကြီးကြပ်အုပ်ချုပ်သည့် ဒူဘိုင်းနိုင်ငံ၏ ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဒူဘိုင်းအားကစားကောင်စီတို့မှကူညီထောက်ပံ့ပေးထားခြင်းဖြစ်သည်။ 

PMGC သည် 2020 PUBG MOBILE esports အစီအစဉ်သစ်၏ အထွတ်အထိပ်ပြိင်ပွဲဖြစ်ပြီး ပရိုကစားသမား တစ်ယောက်ဖြစ်ရန်အတွက် လက်လှမ်းမီနိုင်သည့် ရှင်းလင်းသေချာသော လမ်းကြောင်းနှင့် Esports လောက၏ အခိုင်မာဆုံး ဖွဲ့စည်းပုံတို့ဖြင့် ကမ်းလှမ်းလျက်ရှိသည်။ ဒေသတွင်းပြိုင်ပွဲများမှ တစ်ဆင့် PUBG MOBILE Club Open (PMCO) မှ PUBG MOBILE Pro League (PMPL) အထိ၊ ထို့မှ တစ်ဆင့် PMGC အထိသို့ဖြင့် PUBG MOBILE ၏ ပြိုင်ပွဲစနစ်သစ်သည် အောက်ခြေကစားသမားများနှင့် ပရော်ဖက်ရှင်နယ်ကစားသမားများအားလုံးကို “နံပါတ် ၁” ဖြစ်နိုင်ဖို့ အခွင့်အလမ်းပေးနိုင်ရန် ရည်ရွယ်၍ စီမံရေးဆွဲထားသည်။ လာမည့် PUBG MOBILE Esports သတင်းများကို ပိုမိုသိရှိလိုပါက Facebook, Instagram နှင့်Youtube. နှင့်တို့တွင် လေ့လာစောင့်ကြည့်နိုင်သည်။

PUBG MOBILE is available to download for free on the App Store and Google Play PUBG MOBILE ကို App Store  နှင့်  Google Play တွင် အခမဲ့ ရယူနိုင်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top