ပုံမှန်ထက် နှစ်ဆလောက် လျှာ အရွယ်အစား ကြီးမားနေတဲ့ ကလေးငယ်

6_CATERS_BIG_TONGUE_BABY_07-768x507.jpg

လျှာ အရွယ်အစား ကြီးမားနေတဲ့ မွေးကင်းစ ကလေးငယ်လေးဟာ ကင်ဆာရောဂါကနေ ခဲရာခဲဆစ် ပြန်နာလန်ထလာပြီး စကားပြောနိုင်၊ အစာစားနိုင်ဖို့အတွက် လျှာကို ခွဲစိတ်ပေးဖို့ လိုအပ်နေပါတယ်။ အသက် ၁၆ လအရွယ် ဘက်ကာရော့သ် (Baker Roth) ဟာ ကမ္ဘာတစ်ဝှမ်းက ကလေးမွေးဖွားမှုပေါင်း ၁၄,၀၀၀ မှာ တစ်ဦးသာဖြစ်နိုင်တဲ့ လျှာအရွယ်အစား ၂ ဆကြီးမားမှု အခြေအနေကို ခံစားနေရပါတယ်။ ဒီလိုလျှာအရွယ်အစားသာမန်ထက် ကြီးနေတာကို ကိုယ်ဝန် ၂၇ ပတ်ရှိတဲ့အချိန် ဓာတ်မှန်တွေမှာ တွေ့လိုက်ရတာဖြစ်ပါတယ်။

ဆရာဝန်တွေနဲ့ ဘက်ကာရဲ့မိဘတွေကတော့ မွေးလာတဲ့ကလေးလေးက လျှာလေးထုတ်ပြရင် ချစ်ဖို့ကောင်းမယ်လို့ တွေးထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဘက်ကာလေးကို ရှစ်ပတ်စောပြီး မွေးလာခဲ့တာပါ။ ဆရာဝန်တွေက မာခရိုဂလိုစီယာ (macroglossia) လို့ခေါ်တဲ့ လျှာကြီးထွားမှု မြန်တဲ့ ရောဂါအပြင် တခြား အခက်အခဲတွေလည်းရှိနေတယ်လို့ သတ်မှတ်လိုက်ကြပါတယ်။

ဒါ့အပြင် ဘက်ကာဟာ သူ့အသည်းမှာရှိနေတဲ့ ကင်ဆာအကျိတ်ကိုလည်း ဓာတုကုထုံးနဲ့ ဖယ်ရှားဖို့ ခွဲစိတ်မှုလုပ်ခဲ့ရပါတယ်။ သူ့မိသားစုဟာ ဒီ ခွဲစိတ်မှုတွေအတွက် ဒေါ်လာ ၂ သန်းလောက် ကုန်ကျမယ်လို့ တွက်ထားကြပါတယ်။ ဘက်ကာရဲ့မိသားစုက လျှာခွဲစိတ်ဖို့အတွက် ငွေကြေးကို မျှော်လင့်ရင်း ဘက်ကာလေး သာမန်ဘဝနဲ့ နေရဖို့ကို ဆုတောင်းနေကြရပါတယ်။

အရွယ်အစား ကြီးမားနေတဲ့ လျှာရဲ့ အားစိုက်မှုကြောင့် မေးရိုးပုံ ပျက်လာမှာဖြစ်တဲ့အတွက် ခွဲစိတ်မှုက မဖြစ်မနေ ပြလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလျှာကို ခွဲစိတ်လိုက်မှ အစာစားနိုင်မှာဖြစ်သလို စကားလည်းပြောနိုင်မှာ ဖြစ်ပါတယ်။ ဒီ ရောဂါရဲ့ လက္ခဏာတွေဟာ လျှာ၊ ဝမ်းဗိုက်ပိုင်း အဂါၤတွေ၊ နား၊ ကျောက်ကပ်နားက အရေပြားတွေမှာ ထိခိုက်မှုရှိနိုင်ပါတယ်။

သူ့ကိုမွေးပြီးတော့ ဆရာဝန်က ဖခင်ကို ကလေးမှာ တကယ်ကြီးတဲ့လျှာပါလာတာပဲ လို့ ပြောခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့ အစာအိမ်တွေရဲ့အပြင်မှာရှိနေတဲ့ ကျောက်ကပ်နဲ့ အူတွေကို အရင်နေရာအတိုင်း ပြန်ထားဖို့လိုအပ်ပြီးတော့ အသက်ရှူပြွန်ထည့်ဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

ဇူလိုင်လလောက်မှာပဲ သူ့ရဲ့သွေးအဖြေတွေနဲ့ ဓာတ်မှန်တွေက အသည်းမှာ ကင်ဆာအလုံး ဖြစ်နေပြီဆိုတာ ဖော်ပြနေပါတယ်။ အရမ်းရှားပါးတဲ့ ကင်ဆာရောဂါကို ကုသဖို့ ဓာတ်ကုထုံးနဲ့ ခွဲစိတ်မှုလုပ်ပြီး ရောဂါဖြစ်နေတဲ့ အင်္ဂါ အစိတ်အပိုင်းကို ဖယ်ထုတ်ပစ်ရမှာဖြစ်ပြီး ဒီ ကင်ဆာအလုံးကို ဖယ်ထုတ်ဖို့တင်ပဲ ဓာတုကုထုံးကို ငါးကြိမ်လုပ်ဖို့ လိုအပ်ပါတယ်။

လျှာခွဲစိတ်မှု လုပ်လိုက်ရင် အစားအစာလည်း ပိုပြီး စားနိုင်ပြီးသလို အသံလည်း ထွက်လာတော့မှာပါ။ သူ့နှုတ်ခမ်းလေးတွေ ထိလို့ မရမချင်း စကားပြောနိုင်မှာမဟုတ်လို့ လက်ရှိမှာတော့ သူတစ်ခုခုကို အလိုမကျဘူးဆိုရင် စိတ်ဆိုးပြပါတယ်။ အခုဆိုရင် သူ့မိသားစုဟာ ဘက်ကာ လျှာခွဲစိတ်မှုလုပ်ပြီး ပုံမှန်ဘဝနဲ့ နေရဖို့ပဲ စိတ်အာရုံရှိနေကြပါတယ်။ ဘက်ကာအသက်ရှင်ဖို့လုပ်ရတဲ့ ခွဲစိတ်မှုတွေနဲ့ ကုသမှုတွေကြောင့် များများလာတဲ့ ကုန်ကျငွေတွေကို ရှင်းနိုင်ဖို့လည်း ရန်ပုံငွေ ကောက်ခံနေရပါတယ်။

Ref: dailymail “Cancer-surviving toddler born with a tongue ‘DOUBLE the size it should be’ needs reduction surgery to help him eat and talk ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top