ခရီးအတူတူသွားမယ့် စုံတွဲတွေအတွက် မှတ်ထားစရာ အချက်ကလေးတွေ

couple-on-camping-in-the-forest-U6DZ8GP.jpg

ချစ်သူစုံတွဲ နှစ်ယောက်အတူတူ ခရီးသွားတာဟာ အကောင်းဆုံးမြတ်နိုးစရာ အချိန်လေးတွေကို ဖန်တီးပေးနိုင်ပြီး အမှတ်တရအဖြစ် တစ်သက်လုံး သိမ်းဆည်းထားနိုင်ပါတယ်။ “လူတစ်ယောက်အကြောင်း သိချင်ရင် ခရီးအတူတူသွား” ဆိုတဲ့အတိုင်း ကိုယ်နဲ့တစ်သက်လုံး အတူတူဖြတ်သန်းသွားမယ့် လက်တွဲဖော်ရဲ့အကြောင်းကို ခရီးအတူသွားကြည့်ရင် ကောင်းကောင်း သိနိုင်မှာပါ။

ခရီးစဉ်တစ်ခုဟာ လူတစ်ယောက်ရဲ့ ဖုံးကွယ်ထားတဲ့ အပေါ်ယံဟန်ဆောင်မှုတွေကို ကွာကျစေနိုင်ပြီး သရုပ်အမှန်ကိုလည်း မြင်တွေ့နိုင်စေပါတယ်။

ကိုယ့်ရဲ့ချစ်သူနဲ့ ခရီးအတူတူသွားတဲ့အခါ အကောင်းမွန်ဆုံး အချိန်လေးတွေကို ပိုင်ဆိုင်နိုင်စေဖို့ သတိထားစရာ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ချစ်သူနဲ့ အတူတူသွားမယ့် ပထမဆုံးခရီးဟာ ခရီးတိုလေးပဲဖြစ်သင့်ပါတယ်။ ခရီးတိုလေးဖြစ်တာကြောင့် ရှည်လျားတဲ့ ခရီးစဉ်တွေလို အခက်အခဲ အများကြီး ကြုံတွေ့နိုင်စရာမရှိပါဘူး။ ခရီးစဉ်အကြီးတွေမသွားခင် အကြိုသဘောမျိူးအနေနဲ့ ကိုယ်နဲ့သူရဲ့ အခက်အခဲတေါကို သိရှိပြီး ညိုယူနိုင်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက် တိတိကျကျ ပိုသိလာနိုင်လို့ နောက်ပိုင်းခရီးသွားတဲ့အခါ သတိထားသင့်တာလေးတွေကို နားလည်သိရှိလာနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း လိုက်လျောညီထွေဖြစ်အောင် နေနိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

ခရီးစဉ်အတွင်း ပိုကာင်းမွန်တဲ့ အချိန်လေးတွေကို ဖြတ်သန်းနိုင်ဖို့ သွားမယ့်ခရီးနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက် အများကြီး မထားထားပါနဲ့။ ကြိုတင်အစီအစဉ်ဆွဲမထားဘဲ တွေ့ကြုံရသမျှ အကြောင်းအရာလေးတွေနဲ့ အခက်အခဲလေးတွေကို အလိုက်သင့်လေး ဖြတ်ကျော်သွားတာက ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ရရှိစေနိုင်ပါတယ်။

ချစ်သူစုံတွဲအချင်းချင်းမျှဝေခြင်းဟာ ဂရုစိုက်ခြင်းကို ဖော်ပြခြင်းပါပဲ။ နှစ်ယောက်စလုံး အလေးချိန်မျှမျှတတ သယ်ဆောင်ခြင်းဟာလည်း တစ်ယောက်ကိုတစ်ယောက် ငြိုငြင်စရာတွေ မဖြစ်တော့ပါဘူး။ တစ်ယောက်ရဲ့ ပစ္စည်းတေါကို တစ်ယောက်က ကူညီသယ်ဆောင်ပေးတာကိုက ချစ်ခင်ကြင်နာမှုကို ပြသရာရောက်ပါတယ်။

ကိုယ့်ချစ်သူရဲ့ ကြံ့ခိုင်မှု ၊အားနည်းမူကို ဂရုပြုပြီး တာဝန်တွေကို ခွဲဝေသင့်ပါတယ်။ ဒီလို တာဝန်ခွဲဝေတာဟာ ခရီးသွားတဲ့အခါ အမှန်တကယ် လိုအပ်ပါတယ်။ တစ်ယောက်ရဲ့ ကြံ့ခိုင်မူကို တစ်ယောက်က ဂရုပြုပြီး တာဝန်ခွဲဝေယူတာဟာ အကောင်းဆုံးပါပဲ။

ခရီးစဉ် မစခင်ကတည်းက စုံတွဲနှစ်ယောက်ကြားမှာ သုံးမယ့်ငွေပမာဏကို ကြိုပြီး တွက်ထားရပါမယ်။ ဒါမှ ငွေကြေးကြောင့်ဖြစ်ပေါ်လာမယ့် ပြဿနာများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေနဲ့ပဲ ကြုံကြုံ စိတ်ရှည်ပါ။ ခရီးစဉ်တစ်ခုအတွင်း အခက်အခဲပေါင်းများစွာ ကြုံရနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးဒေါသထွက်စရာတွေများစွာလည်း ကြုံတွေ့နိုင်ပါတယ်။ ဘယ်လို အကြောင်းအရာပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက စိတ်ရှည်သည်းခံပြီး နားလည်မှုနဲ့ ဖြတ်ကျော်သင့်ပါတယ်။ ဒါမှ ကြည်နူးစရာ ခရီးစဉ်လေးအဖြစ် အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။

ရန်ဖြစ်နိုင်တဲ့ အခိုက်အတန့်တွေမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချူပ်ပါ။ ချစ်သူတွေ အတူ ခရီးသွားတဲ့အခါ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေကို ငြင်းခုံရင်းနဲ့ရန်ဖြစ်နိုင်ပါတယ်။ ခရီးစဉ်အတွင်း ရန်ဖြစ်ခဲ့မယ်ဆိုရင် ရေရှည်အတွက်လည်း မကောင်းသလို ပျော်ရွှင်စရာခရီးလေးကနေ စိတ်ညစ်စရာ ဝမ်းနည်းစရာခရီးတစ်ခုအဖြစ် ပြောင်းသွားပါလိမ့်မယ်။

ချစ်သူစုံတွဲလေးတွေ နှစ်ယောက်တည်း ခရီးသွားတဲ့အခါ အခုဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်နာပြီး ကြည်နူးစရာ အချိန်လေးတွေကို ဖြတ်သန်းနိုင်ကြပါစေ။

Ref: internet & opinion

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top