စိတ်ကသိကအောက်ဖြစ်စေတဲ့အခြေအနေတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများ

17-12-2020-yyl01.jpg

အရေးကြီးတဲ့အလုပ်တွေလုပ်မယ့်အချိန်မှာ ရုတ်တရက်ကြို့ထိုးလာလို့ စိတ်မသက်သာဖြစ်ရတဲ့အခြေအနေကို ကြုံတွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီအခြေအနေမျိုးကို ဘယ်သူမဆို ဖြစ်ဖူးကြပါတယ်။ ကြို့ထိုးတဲ့အခြေအနေမျိုးမဟုတ်ဘဲ အခြားအခြေအနေမျိုးတွေဆိုရင် တော်တော်လေး စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ အဲဒီလို စိတ်ကသိကအောက်ဖြစ်စေတဲ့အခြေအနေတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ တကယ်လို့ ကြုံတွေ့လာခဲ့မယ်ဆိုရင် ဖြေရှင်းလို့ရအောင် နည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။

လည်ချောင်းယားယံသလိုခံစားရရင် နားထဲလက်ချောင်းထည့်ပြီး ကုတ်ပေးပါ

သင့်လည်ချောင်းမှာ ယားယံသလိုခံစားရတာက နည်းနည်းတော့ စိတ်ကသိကအောက်နိုင်ပါတယ်။ လည်ချောင်းယားသလိုဖြစ်နေတာကြီးက အခြားအလုပ်တွေကို အာရုံစူးစိုက်လို့မရအောင်ဖြစ်စေပါတယ်။ ဒီလိုဖြစ်လာရင် သင့်ရဲ့နားတွေကို ကုတ်ပေးပါ။ ဒါမှ နားကြောတွေကို လှုပ်ရှားလာမှာဖြစ်ပါတယ်။ လည်ချောင်းယားတာကို ပြေလျော့ပေးမယ့် ကြွက်သားဆွဲဆန့်ခြင်းကို ဖြစ်စေပါတယ်။

နှာချေချင်သလိုဖြစ်ရင် အပေါ်သွားကိုလျှာနဲ့ဖိထားပါ

အစည်းအဝေးလုပ်နေတုန်း ရုတ်တရက်နှာချေချင်သလိုဖြစ်လာရင် သင့်လျှာကို အသုံးပြုလိုက်ပါ။ သင့်အပေါ်ပါးစပ်ကို လျှာနဲ့ (၅စက္ကန့်ကနေ ၁၀ စက္ကန့်) လောက် ယားအောင်လုပ်ပေးပါ။ နောက်တစ်နည်းက အပေါ်သွားကို လျှာနဲ့ ပြင်းပြင်းလေးဖိထားလိုက်မယ်ဆိုရင် နှာချေချင်တာပျောက်သွားပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိသလိုခံစားရရင် (၃) စက္ကန့်လောက် မျက်လုံးအကြည့်ချင်းဆုံလိုက်ပါ

လူတွေကြားထဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိသလိုခံစားရရင် ခေါင်းငုတ်နေမယ့်အစား အဝေးမှာနေနေမယ့်အစား လူတိုင်းကို (၃) စက္ကန့်လောက် မျက်လုံးချင်းဆုံလိုက်ပါ။ တစ်စုံတစ်ယောက်က သင့်ကို တစ်ခုခုကို ရှင်းပြနေရင် သင်ဟာ သူပြောတာကို စိတ်ဝင်စားတယ်ဆိုတာပြသဖို့အတွက် မျက်လုံးချင်းဆုံပြီးကြည့်တာကို ၃ စက္ကန့်ထက် ပိုပြီးလုပ်လို့ရပါတယ်။

မူးဝေသလိုခံစားရရင် လက်ဖဝါးအလယ်ကို ဖိထားပါ

သင်က မူးဝေသလိုခံစားရရင် ဒီနည်းကို လုပ်ကြည့်ပါ။ လက်ဖဝါးအလယ်ကို ဖိထားပေးတာက မူးဝေတာကို သက်သာစေတယ်လို့ ဆိုပါတယ်။

ကြို့ထိုးရင် နားနှစ်ဖက်ပိတ်ကာ ရေသောက်ပေးပါ

ကြို့ထိုးရင် ရေသန့်ဗူးယူပြီး ပါးစပ်ထဲထည့်ကာ နားနှစ်ဖက်ကို ပိတ်ထားရင်းနဲ့ ရေသောက်ပေးပါ။ ရေကို အရမ်းကြီးမမျိုမိအောင် သတိထားပေးသင့်ပါတယ်။ လက်နဲ့ကိုင်သောက်ရတာမဟုတ်တဲ့အတွက် ရေသီးသွားနိုင်ပါတယ်။ နောက်တစ်နည်းက ရင်ဘတ်နား ဒူးတွေကပ်ထားပြီး (၂) မိနစ်လောက် ဒူးတွေကို ဖတ်ထားပေးပါ။ ကြို့ထိုးရင် ကျွန်တော်တို့လုပ်လေ့ရှိတဲ့ နှာခေါင်းပိတ်ထားပြီး ရေသောက်တဲ့နည်းလည်း အဆင်ပြေပါတယ်။

စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားနေတယ်ဆိုရင် ကြွက်သားတွေအားလုံးကို တင်းကျပ်နေအောင်လုပ်ပါ

အင်တာဗျူးဖြေခါနီး၊ စာမေးပွဲဖြေခါနီးရင် စိတ်လှုပ်ရှားသလိုခံစားရတာ၊ စိုးရိမ်စိတ်များတာတွေက သာမန်ပါပဲ။ အဲဒီအခြေအနေကို ဖြေရှင်းချင်ရင် သင့်မျက်နှာ၊ ပခုံးနဲ့ လက်မောင်းတွေရဲ့ကြွက်သားတွေအကုန်လုံးကို ဖျစ်ညစ်ထားပါ။ လက်သီးကျစ်ကျစ်ဆုပ်တာ၊ အံ့ကြိတ်တာ၊ အသက်ပြင်းပြင်းရှုတာတွေလုပ်ပေးမယ်ဆိုရင် စိတ်လှုပ်ရှားတာ သက်သာသွားစေနိုင်ပါတယ်။

မျက်ရည်မကျအောင် ထိန်းချင်ရင် အပေါ်မော့ပြီး အသက်အောင့်ထားပါ

မျက်ရည်မကျအောင်ထိန်းချင်ရင် ဒီနည်းက အကူအညီဖြစ်ပါတယ်။ သင် ငိုချင်ပေမဲ့ တခြားသူတွေမြင်မှာဆိုးတဲ့အတွက် မျက်ရည်မကျအောင် ထိန်းချင်ရင်တော့ (၂) စက္ကန့်လောက် အပေါ်ကို မော့ကြည့်ပြီး အသက်အောင့်ထားလိုက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း ဖြေလျော့ချလိုက်ပါ။ သင့်ခံစားချက်တွေ ကောင်းသွားပါလိမ့်မယ်။

Ref: Brightside “Tricks to Help You Get Away From Awkward Situations”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top