အော်စကာဆုရရှိခဲ့တဲ့ ပထမဆုံးနားမကြားသရုပ်ဆောင်မင်းသားဖြစ်လာခဲ့တဲ့ ထရိုင် ကော့ဆာ

26-2-2022-yyl02.jpg

တနင်္ဂနွေနေ့ညက အော်စကာဆုပေးပွဲမှာ CODA ရုပ်ရှင်ကားရဲ့ သရုပ်ဆောင် ထရိုင် ကော့ဆာ (Troy Kotsur) ဟာ အကောင်းဆုံးဇာတ်ပို့မင်းသားဆုကို ရရှိသွားခဲ့တဲ့အတွက် အော်စကာဆုကို ရရှိခဲ့တဲ့ ပထမဆုံးနားမကြားသရုပ်ဆောင်မင်းသားဖြစ်လာခဲ့ပါတယ်။

ထရိုင်ကတော့ ဒီဆုနဲ့ပတ်သက်ပြီး “ဒီဆုက အကြားအာရုံချွတ်ယွင်းနေတဲ့လူ့အသိုင်းအဝိုင်း၊ CODA အဖွဲ့၊ မသန်စွမ်းအဖွဲ့အစည်းတွေကို ကိုယ်စားပြုပါတယ်။ ဒါက ကျွန်တော်တို့ရဲ့အခိုက်အတန့်ပါပဲ”လို့ ဆိုပါတယ်။ ထရိုင်က အကောင်းဆုံးဇာတ်ညွှန်းဆုကို ရရှိခဲ့တဲ့ CODA ရဲ့ဒါရိုက်တာ ဆီအမ် ဟီဒါ (Sian Heder) ကိုလည်း ပေါင်းသင်းဆက်ဆံရေးအကောင်းဆုံးသူဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် အကြားအာရုံချွတ်ယွင်းနေတဲ့သူတွေနေထိုင်တဲ့ ကမ္ဘာကြီးနဲ့ အကြားအာရုံကောင်းတဲ့သူတွေနေထိုင်တဲ့ကမ္ဘာကြီးတို့ကို ပေါင်းစည်းပေးခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဇာတ်ကားမှာ သူနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မာလီ မက်လင် (Marlee Matlin) ကလည်း ၁၉၈၇ခုနှစ်က ‘Children of a Lesser God” ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအော်စကာဆုကို ရရှိခဲ့တဲ့ ပထမဆုံးနားမကြားသရုပ်ဆောင်မင်းသမီးဖြစ်ခဲ့ပါတယ်။ ထရိုင်အတွက် လက်ဟန်ခြေဟန်အမူအရာအကောင်းဆုံးသူဖြစ်ခဲ့တဲ့ သူ့အဖေအကြောင်းလည်း ဆုပေးပွဲမှာ ပြောခဲ့ပါတယ်။ သူ့အဖေက ကားမတော်တဆမှုကြောင့် လည်ပင်းထိပြီး မသန်စွမ်းဖြစ်သွားခဲ့တာကြောင့် အခုတော့ လက်ဟန်ခြေဟန်အမူအရာတွေမပြနိုင်တော့ပါဘူး။ “အဖေ… အဖေ့အတွက် ကျွန်တော် အများကြီး လေ့လာသင်ယူခဲ့တယ်။ ကျွန်တော် အဖေ့ကို အမြဲတမ်းချစ်တယ်။ အဖေက ကျွန်တော့်ရဲ့ဟီးရိုးပါပဲ” လို့ ထရိုင်က ပြောပါတယ်။

ကျေးဇူးတင်စကားပြောကြားတဲ့အဆုံးသတ်မှာတော့ “ကျွန်တော့်အမေနဲ့ အဖေ။ ကျွန်တော့် ညီ မက်ခ်။ ဒီနေ့ သူတို့ ဒီနေရာမှာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကို ကြည့်နေပါတယ်။ ကျွန်တော် ဒါကို လုပ်နိုင်ခဲ့ပြီ။ မင်းတို့ကို ချစ်တယ်” လို့ ထရိုင်က ပြောကြားခဲ့ပါတယ်။ ကိုရီးယားမင်းသမီးကြီး ယွန်းယူဂျောင်း (Youn Yuh Jung) က ထရိုင်နာမည်ထိုးထားတဲ့ ဆုကို ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ထရိုင် ကျေးဇူးတင်စကားပြောကြားနေစဉ်မှာတော့ မင်းသမီးကြီးက သူ့ရဲ့ဆုကို ကိုင်ထားပေးခဲ့ပါတယ်။ အော်စကာဆုပေးပွဲမှာ နားမကြားတဲ့မိဘနှစ်ပါးရဲ့သမီးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ “CODA” ဇာတ်ကားက ဆုများစွာကို ဆွတ်ခူးသွားခဲ့တာပါ။ အကောင်းဆုံးဓာတ်ပုံဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

Ref: CBSNews “Troy Kotsur becomes first Deaf man to win acting Oscar”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top