အသက် ၃၂ နှစ်အရွယ် ရိုင်ယန် ဘောလ်ဆိုသူ အမျိုးသားက သူ့မိသားစုနဲ့အတူ ငါးဖမ်းဖို့ လန်ဒန်မြို့အရှေ့တောင်ပိုင်းက Linear Park ကို ဩဂုတ်လ ၆ ရက်နေ့က အလည်အပတ်လာခဲ့ကြတယ်။ သူ့အသိမိတ်ဆွေရဲ့သားလေး အသက် ၁၅ နှစ်အရွယ် ဂျိမ်းစ် ဝိုက် ဆိုတဲ့ ကောင်လေးကလည်း အတူ ပါလာခဲ့ပါတယ်။

သူတို့တွေ ငါးမဖမ်းခင် ရာသီဥတုပူနေတဲ့အတွက် လန်ဒန်မြစ်ထဲ ရေကူးဖို့ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဂျိမ်းစ်က ရေထဲ လမ်းလျှောက်သွားတဲ့အချိန် တစ်စုံတစ်ခုကို နင်းမိပြီး ချော်လဲသွားခဲ့တယ်။ သူ့ကို ချော်လဲစေခဲ့တဲ့ အရာဟာ သေနတ်ကျည်ကပ်တွေဖြစ်နေခဲ့ပါတယ်။ အဲဒါတွေတင်ရှာတွေ့ခဲ့တာမဟုတ်ပါဘူး။ အနီးနားတစ်ဝိုက်ကို ရှာကြည့်တော့ သေနတ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းအများအပြားကို တွေ့ရှိခဲ့ရပါတယ်။
သေနတ်တွေတွေ့ခဲ့တဲ့အချိန်မှာ အိပ်မက်ဆိုးဖြစ်ပါစေလို့ ဂျိမ်းစ်က ဆုတောင်းခဲ့ပေမဲ့ ဒါက အိပ်မက်ဖြစ်မနေခဲ့ဘူး။ ဂျိမ်းစ်တို့အဖွဲ့က သေနတ် (၆) လက်ကနေ (၁၁) လက်ကြားအပြင် ဖောက်ခွဲရေးပစ္စည်းတွေလို့ယူဆရတဲ့ အရာတွေ တွေ့ရှိခဲ့ရတာပါ။ သေနတ်တွေအပြင် သေနတ်တွေကနေ ဖြုတ်ထားတဲ့ ကျည်ကပ်တွေ၊ ကျည်ဆန်အများအပြားကိုလည်း တွေ့ရှိခဲ့ပါတယ်။

လက်နက်တွေကို တွေ့ရှိပြီးတဲ့နောက်မှာ ရိုင်ယန်က ရဲတွေကို ဆက်သွယ်ခဲ့ပြီး လက်နက်တွေ ထပ်ပြီးရှာဖွေဖို့ လိုသေးတယ်လို့ ပြောခဲ့ပါတယ်။ ဩဂုတ်လ ၆ ရက်နေ့ ညနေ ၄ နာရီ ၄၉ မိနစ်လောက်မှာ မြစ်ထဲကနေ သေနတ်တွေတွေ့ရှိကြောင်း ရဲစခန်းကို ဖုန်းဆက်သတင်းပို့လာခဲ့တယ်လို့ Met Police ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
Ref: TheMirror & Ladbible “Two kids on fishing trip shocked to pull up huge cache of guns and explosives”
NZ ( ရိုးရာလေး )