အိမ်ကနေပျောက်သွားပြီး ဆုတံဆိပ်ဖဲပြားနဲ့ ပြန်ရောက်လာခဲ့တဲ့ ခွေးလေး

15-7-2022-16.jpg

ပီတာနဲ့ ပေါလာ ကလို့ဆီအာတို့ဟာ အိမ်ကနေ သူတို့ရဲ့ (၅) နှစ်သား ခွေးလေး ဘွန်နီ ပျောက်သွားလို့ စိတ်သောကရောက်ခဲ့ရတယ်။ သူတို့ရဲ့သမီးလေး (၂) ယောက်နဲ့ အိမ်နီးနားချင်းတွေဆီက အကူအညီနဲ့ ဘွန်နီကို အိမ်အနှံ့ရှာတယ်။ အနီးနားတစ်ဝိုက် ရပ်ကွက်တွေထဲ ရှာခဲ့တယ်။ ရှာလို့မတွေ့တာနဲ့ ပီတာတို့က ရဲတွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာတွေကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ဘွန်နီပျောက်သွားတဲ့နေ့မှာ ပီတာတို့ ရှာနေခဲ့တဲ့ နေရာနဲ့အရမ်းမဝေးတဲ့နေရာမှာ ဂျွန် ဝီလ်မာ ဆိုတဲ့ အမျိုးသားက သူ့ရဲ့ခွေးလေး (၂) ကောင်ကို ခွေးပြိုင်ပွဲတစ်ခုဆီ ကားနဲ့ခေါ်ပြီး သွားနေရင်း လမ်းတစ်ဖက်မှာ ဘွန်နီကို တွေ့ခဲ့ပါတယ်။

ခွေးပြိုင်ပွဲကို သွားဖို့ နောက်ကျနေတာနဲ့ ဂျွန်က သူ့ရဲ့ခွေးတွေနဲ့အတူ ဘွန်နီကို ခေါ်သွားခဲ့ပါတယ်။ သူက ခွေးလေးတစ်ကောင်တွေ့ရှိထားတယ်ဆိုတာကိုလည်း ဘွန်နီရဲ့ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။ ပေါလာက ဂျွန်ရဲ့ဖေ့စ်ဘွတ်ခ်ပို့စ်ကို တွေ့ပြီး သူ့ကိုအဆက်အသွယ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပီတာနဲ့ ပေါလာတို့က သူတို့ရဲ့ခွေးလေး ဘွန်နီနဲ့ ပြန်လည်ဆုံစည်းခဲ့ရပါတယ်။ သူတို့ဆီ ဘွန်နီ ပြန်ရောက်လာတဲ့အချိန်မှာ ဘွန်နီရဲ့လည်ပင်းမှာ ခွေးပြိုင်ပွဲကရရှိခဲ့တဲ့ ဆုတံဆိပ်ဖဲပြားရှိနေပါတယ်။

ဂျွန်က ဘွန်နီကို the Best Rescue Dog ဆိုတဲ့ ခွေးပြိုင်ပွဲထဲ ဝင်ရောက်ဖို့ စာရင်းသွင်းခဲ့တာပါ။ အဲဒီပြိုင်ပွဲမှာ ဘွန်နီက တတိယဆုဖဲပြားကို ရရှိခဲ့ပါတယ်။ “ဘွန်နီ ပြန်ရောက်လာတဲ့အချိန်မှာ အကောင်းတိုင်းပါပဲ။ သူက တစ်နေ့တာကို ကောင်းကောင်းလည်ပတ်နေခဲ့တာလို့ တွေးနေတဲ့ပုံပဲ။ သူ ပျောက်သွားတော့ ကျွန်တော်မှာတော့ စိုးရိမ်ပူပန်ခဲ့ရတာ။ အကောင်းဆုံးကတော့ သူ ပြန်ရောက်လာခဲ့တာပါ။ ဒါထက်တောင် ပိုကောင်းသေးတယ်။ ဆုတံဆိပ်ဖဲပြားနဲ့ ပြန်ရောက်လာခဲ့တာ”လို့ ဘွန်နီရဲ့သခင်က ပြောပါတယ်။

Ref: People “U.K. Family’s Missing Beagle Mix Returns Home with Third Place Ribbon from Dog Show”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top