မန်ဟတ်တန်မြို့ထက် ၃ ဆ ပိုကြီးတဲ့ ကမ္ဘာ့အကြီးဆုံးအပင်ကို တွေ့ရှိ

31-5-2022-yyl-17.jpg

မန်ဟတ်တန်မြို့ထက် ၃ ဆ ပိုကြီးမားတဲ့ ကမ္ဘာ့အကြီးဆုံးအပင်ကို သြစတြေးလျကမ်းလွန်ဘက်မှာ တွေ့ရှိခဲ့ပါတယ်။ မျိုးဗီဇစစ်ဆေးမှုအရ အနောက်သြစတြေးလျပြည်နယ်ရဲ့ ရေအောက်မှာပေါက်နေတဲ့ ပင်လယ်မြက်အစုအဝေးဟာ တစ်ပင်တည်းဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ အတွင်း မျိုးစေ့တစ်စေ့တည်းကနေ ပွားများလာတာဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။ ပါ့သ်မြို့မြောက်ဘက် ကီလိုမီတာ ၈၀၀ အကွာအဝေးမှာရှိတဲ့ Shark Bay ပင်လယ်အော်မှာ သိပ္ပံပညာရှင်အဖွဲ့က အဲဒီပင်လယ်မြက်အစုအဝေးကို မရည်ရွယ်ဘဲ တွေ့ရှိခဲ့တာပါ။ ပင်လယ်မြက်အစုအဝေးဟာ အလျား ၇၇ စတုရန်းမိုင် ကျယ်ဝန်းတယ်လို့ အနောက်ပိုင်းသြစတြေးလျပြည်နယ် တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။

ပင်လယ်မြက်ဟာ တစ်နှစ်ကို ၃၅ စင်တီမီတာပဲ ရှည်လျားတာကြောင့် မြက်ခင်းပြင်အဖြစ်လည်း စိုက်ပျိုးကြလေ့ရှိပါတယ်။ အဲဒီအတွက် အခုလိုအရွယ်အစားမျိုးရောက်ဖို့ အနည်းဆုံး နှစ် ၄၅၀၀ ကြာမြင့်လိမ့်မယ်လို့ သုတေသီတွေက ခန့်မှန်းခဲ့တာပါ။

Ref: BBC ” World’s biggest plant discovered off Australian coast”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top