မနက် (၁၀) နာရီမထိုးခင် အလုပ်သွားရခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်မလား

work.jpg

အော့စဖိုဒ့် တက္ကသိုလ်ကပြုလုပ်တဲ့ သုတေသနကိုဦးဆောင်ခဲ့သူ ဒေါက်တာ ပေါလ် ကဲလ်ရီ (Dr. Paul Kelley) ဆိုသူက ယနေ့ခေတ်မှာ မြင်နေကျဖြစ်တဲ့ ညှင်းပန်းနှိပ်စက်မှုကြီးကတော့ အိပ်ရာအစောကြီးထရပြီး မနက် (၁၀) နာရာရီမထိုးခင် ရုံးသွားရခြင်းပဲလို့ ဆိုပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့တော်တော်များများဟာ နေ့တိုင်းအိပ်ရာအစောကြီးထပြီး အလုပ်သွားနေရကြပါတယ်။

ကျွန်တော်တို့ လူသားတွေရဲ့ခန္ဓာကိုယ်ဟာ Circadian Rhythm လို့ခေါ်တဲ့ ဇီဝဖြစ်စဉ်တွေရဲ့ လုပ်ဆောင်ချက်အတိုင်း အချိန်မှန်လည်ပတ်နေပါတယ်။ ၎င်းကိုခန္ဓာနာရီ (body clock) လို့လည်း ခေါ်လို့ရပါတယ်။ ၎င်းနာရီဟာ ခန္ဓာကိုယ်ရဲ့ အားအင်တွေ၊ ဟော်မုန်း အပြောင်းအလဲတွေ၊ ဟော်မုန်း ထုတ်လုပ်မှုတွေ၊ ဦးနှောက် စွမ်းဆောင်ရည်တွေအပြင် အခြားသော ရူပဖြစ်စဉ်တွေအတွက် ပုံမှန်လည်ပတ်ပေးနေတာပဲ ဖြစ်ပါတယ်။

နေ့စဉ် မနက် (၁၀) နာရီမထိုးခင် အိပ်ရာထလိုက်ခြင်းက ၎င်းခန္ဓာနာရီ (body clock) လုပ်ဆောင်နေတဲ့ ဇီဝဖြစ်စဉ်တွေကို နှောင့်ယှက်ရာရောက်ပြီး ခန္ဓာကိုယ်ရဲ့ဟန်ချက်တွေကိုပါ ဖျက်ဆီးလိုက်ရာရောက်တယ်လို့ ဆိုပါတယ်။

ကဲလ်ရီရဲ့ပြောကြားချက်အရ ” ခန္ဓာနာရီရဲ့ (၂၄) နာရီကို ဘယ်လိုမှ ထိန်းချုပ်လို့မရပါဘူး။ အိပ်ရာလည်း စောစောထလို့ မရပါဘူး။ အဲဒီလိုပြုလုပ်ခြင်းက အသည်းနဲ့ နှလုံးတို့ရဲ့ အလုပ်လုပ်ချိန်ကို (၂) နာရီ၊ (၃) နာရီလောက် အရှေ့ရွှေ့လိုက်တာနဲ့တူပြီး ပြောင်းလဲခိုင်းလိုက်တာနဲ့ တူပါတယ်” လို့ ဆိုပါတယ်။ (၂၀) ရာစုအစောပိုင်းလောက်တုန်းက လက်ကိုင်ထားခဲ့ကြတဲ့ တစ်နေ့ (၈) နာရီဆိုတဲ့ အလုပ်ချိန်ဟာ လူသားတွေရဲ့ ခန္ဓာနာရီအလုပ်လုပ်ပုံကို ထည့်တွက်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

အကယ်၍များ ကော်ဖီတွေတစ်ခွက်ပြီး တစ်ခွက်သောက်ရင်း အိပ်ရေးမဝလို့ မလန်းမဆန်းနဲ့ အီလေးဆွဲပြီး ကွန်ပျူတာရှေ့ထိုင်နေရတဲ့ လုပ်ငန်းခွင်ထက် အိပ်ချိန်မှာအပြည့်အဝပေးအိပ်ပြီး အားအင်အပြည့်၊ လုပ်ဆောင်နိုင်မှုစွမ်းအားအပြည့်နဲ့ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အလုပ်ခွင်ဘက်ကို ကူးပြောင်းကြည့်လိုက်မယ်ဆိုရင် ဘယ်လိုမျိုးတိုးတက်ပြောင်းလဲမှုတွေ ရှိလာလိမ့်မယ်လို့သင်ထင်ပါသလဲ။

နောက်ဆုံးအနေနဲ့ မနက် (၁၀) နာရီမထိုးခင် အလုပ်သွားရတဲ့သူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာနိုင်တဲ့အပြင် အခြားသောကျန်းမာရေးပြဿနာ အမျိုးမျိူးကိုပါ အနှေးနဲ့အမြန် ရင်ဆိုင်ရလာနိုင်တယ်လို့ ဆိုပါတယ်။

Ref : LongevityBox “SCIENTISTS SAY THAT STARTING WORK BEFORE 10AM IS SIMILAR TO TORTURE”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top