ရန်ပွဲမှာ သေဆုံးခဲ့တဲ့ ဘောလုံးသမားအတွက် ဂျရတ်နဲ့ ဟန်ဒါဆန်တို့ ဂျာစီတွေ လှူဒါန်း

yyl-013-16.jpg

ရန်ပွဲမှာ သေဆုံးခဲ့ရတဲ့ ဘောလုံးသမားတစ်ယောက်အတွက် လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ အသင်းခေါင်းဆောင်ဟောင်း ဂျရတ်တို့ အပါအဝင် ဘောလုံးလောကရဲ့ကြယ်ပွင့်တွေက ဂျာစီတွေ လှူဒါန်းခဲ့ကြပါတယ်။ ဂျော်ဒန်ဆင်နော့ဟာ လိဂ်ကလပ်မဟုတ်တဲ့ မက်လော့ခ်တောင်းအသင်းမှာ ကစားနေသူပါ။ သူဟာ ပြီးခဲ့တဲ့စနေနေ့က ရက်ဖို့ဒ်မြို့ ရန်ပွဲမှာ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တာပါ။ အသက် ၂၅ နှစ်ရှိတဲ့ ဆင်နော့ဟာ ဟက်ဒါစဖီးအသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပြီး ဟာလီဖက်၊ အယ်ဖရက်တန်အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။

ဂျော်ဒန်ဆင်နော့အတွက် ရည်စူးပြီး ချို့တဲ့နွမ်းပါးတဲ့ ကလေးတွေကို လှူဒါန်းချင်တဲ့အတွက် ”ဆင်နော့ ၂၅”လို့ ရေးသားထားတဲ့ ဂျာစီတွေ လိုချင်တယ်လို့ ဂျော်ဒန်ဆင်နော့ရဲ့အစ်ကို တွမ်ဆင်နော့က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ဒါဆန်၊ ဂျရတ်၊ ရိစ်ဂျိမ်းစ်၊ ကလီဗာလေ အစရှိတဲ့ ကစားသမားတွေနဲ့ ဘောလုံးအသင်းတွေက ဆင်နော့ရဲ့နာမည်နဲ့ အသက်(၂၅ နှစ်)ရေးသားထားတဲ့ ဂျာစီတွေကို လှူဒါန်းခဲ့ကြတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top