ဆော်ဒီမှာ အန်ဒီရုဇ်နဲ့ထိုးမယ့် စိတ်မကျေပွဲအတွက် ပေါင် ၆၆ သန်းရရှိမယ့် အန်သိုနီဂျိုရှုအာ

yyl-009-1.jpg

ဆော်ဒီနိုင်ငံမှာ မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်နဲ့ ထိုးသတ်မယ့် စိတ်မကျေပွဲအတွက် ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာက ပေါင် ၆၆ သန်း ရရှိမှာဖြစ်ပါတယ်။ အန်သိုနီဂျိုရှုအာနဲ့ အန်ဒီရုဇ်တို့ဟာ ပြီးခဲ့တဲ့ဇွန်လက နယူးယော့ခ်မြို့မှာ ပထမဆုံးအကြိမ် ထိုးသတ်ခဲ့ကြပြီး အဲဒီပွဲစဉ်ရဲ့ (၇)ချီမြောက်မှာ အန်ဒီရုဇ်က အလဲထိုးအနိုင်ရခဲ့ပါတယ်။

စိတ်မကျေပွဲကိုတော့ ဒီဇင်ဘာလ ၇ ရက်နေ့ကျရင် ဆော်ဒီနိုင်ငံမှာ ထိုးသတ်မှာဖြစ်ပြီး နှစ်ဦးပေါင်း ထိုးသတ်ကြေး အမေရိကန်ဒေါ်လာ ၉၈ သန်း ရရှိမှာပါ။ ဒါဟာ ဗြိတိန်နိုင်ငံရဲ့ လက်ဝှေ့သမိုင်းမှာ တန်ကြေးအမြင့်ဆုံး လက်ဝှေ့ပွဲဖြစ်ပြီး လက်ဝှေ့သမိုင်းမှာတော့ စတုတ္ထမြောက် ထိုးသတ်ကြေးအမြင့်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ အန်သိုနီဂျူရှုအာက အမေရိကန်ဒေါ်လာ ၈၅ သန်း ရရှိမှာဖြစ်ပြီး အန်ဒီရုဇ်ကတော့ အမေရိကန်ဒေါ်လာ ၁၃ သန်းပဲ ရမှာပါ။ ဆော်ဒီအစိုးရက မှေးမှိန်ညိုးနွမ်းနေတဲ့ သူတို့နိုင်ငံရဲ့ပုံရိပ်ကို အားကစားနဲ့ ခဝါချဖို့ ကြိုးစားနေတယ်လို့ အခုပွဲစဉ်မတိုင်ခင်မှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲခဲ့ပါတယ်။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး ပွဲစီစဉ်သူ အက်ဒီဟန်းက ကာကွယ်သွားခဲ့ပါတယ်။

”တစ်ခါတရံကျရင် အခြေအနေတစ်ရပ်လုံးကို ခြုံကြည့်တတ်ရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပွဲအစီအစဉ်၊ ပွဲကျင်းပမယ့်နေရာ၊ ဂရစ်ဖစ်ဒီဇိုင်း အပြင်အဆင်တွေကို ကြည့်လိုက်တော့ တော်တော်ကြီးကျယ်ခမ်းနားတာ တွေ့ရတယ်။ သူတို့က အားကစားအတွက် ငွေပမာဏ ဒီလောက်အထိ ရင်းနှီးထားရင်တော့ ကျွန်တော်တို့ဘက်က လက်တွေ့ဆန်ဖို့လိုတယ်။ ဒီနေရာကို ကာနယ်လိုအဲဗာရက်ဇ်၊ ပက်ကွီအိုတို့ လာကြတယ်။ ဒီယွန်တေးဝှိုက်ဒါတောင် လာကောင်းလာနိုင်တယ်။ သူတို့အားလုံး အကြောင်းပြချက်တစ်ခုအတွက် ဒီကိုလာကြတာပါ။ သူတို့ ငွေလိုချင်လို့ပါပဲ။ တိုင်ဆန်ဖျူရီတောင် ဒီကိုလာပြီး နပန်းပွဲထိုးသွားသေးတယ်။ အဲဒီတုန်းက ဘယ်သူမှ အသံမထွက်ကြဘူး”လို့ အက်ဒီဟန်းက တုံ့ပြန်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top