ဖရန့်ဖတ်တိုက်စစ်မှူးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူမယ့်ဝက်စ်ဟမ်း

66840370_2483411901689715_3951710967083040768_n.jpg

ဝက်စ်ဟမ်းအသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှူး ဟော်လာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် (၄၂.၅) သန်းနဲ့ ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ ဒေးလီးမေးလ်သတင်းစာကဖော်ပြပါတယ်။ (၂၅) နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး ဟော်လာအတွက် ဝက်စ်ဟမ်းနဲ့ ဖရန့်ဖတ်အသင်းကြား သဘောတူညီမှုရရှိခဲ့ပြီး (၄) နှစ်စာချုပ်ချုပ်ဆိုမယ်လို့ဆိုပါတယ်။

ဝက်စ်ဟမ်းဟာ ဟော်လာအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် (၃၆) သန်းပေးချေသွားမှာဖြစ်ပြီး ထပ်ဆောင်းဆုကြေးငွေ ပေါင် (၆.၅) သန်းထပ်ပေးမှာပါ။ ဟော်လာဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ဖရန့်ဖတ်အတွက် (၄၁) ပွဲ ကစားရာမှာ ဂိုး (၂၀) သွင်းပြီး (၁၂) ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ သြစတြီးယားတိုက်စစ်မှူး အာနူတိုဗစ်ကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းထံ ပေါင် (၂၂.၄) သန်းနဲ့ ရောင်းချခဲ့လို့ တိုက်စစ်ပိုင်းအားဖြည့်ဖို့ မဖြစ်မနေလိုအပ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ဇွန်လမှာ မန်ယူအသင်းက လူကာကူနေရာအစားထိုးဖို့ ဟော်လာကို ပစ်မှတ်ထားခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top