ကျန်းမာရေးရှုထောင့်အရ အမျိုးသမီးတွေအနေနဲ့ ဘရာ (Bra) ဝတ်သင့်၊ မဝတ်သင့်

bra_3029161b.jpg

ဘရာဆိုတာ ကမ္ဘာပေါ်ကအမျိုးသမီးတွေအားလုံးနဲ့ သက်ဆိုင်တဲ့ အဝတ်အထည်တစ်မျိုးပါ။ ဒါဆို ဘာကြောင့်များ ဘရာကိုမဖြစ်မနေ ဝတ်ဆင်ရမယ့်အရာတစ်ခုလို ပုံသေမှတ်ယူထားကြတာလဲ။ သိပ္ပံပညာရှင်တွေကကော … အမျိုးသမီးတွေ ဘရာဝတ်သင့်၊ မဝတ်သင့်ဆိုပြီး ဘာလို့အငြင်းပွားနေကြတာလဲ။ ဒီအတွက်အဖြေကို အောက်မှာပြောပြပေးသွားမှာမို့ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

ဘရာဝတ်ဆင်မှုနှုန်းကို လျှော့ချလိုက်တဲ့အခါ ကင်ဆာရောဂါဖြစ်မှုနှုန်း သိသိသာသာ ပြောင်းလဲလျော့နည်းမှုရှိ

လေ့လာချက်အသစ်တစ်ခုမှာတော့ ဘရာအမြဲတမ်းလိုလို တင်းတင်းကျပ်ကျပ်ဝတ်ဆင်ခြင်းဟာ ဘရာရဲ့အမျှင် (သို့) ချည်မျှင်တွေထဲမှာပါရှိတဲ့ ပိုးမွှားလေးတွေကနေပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရင်သားကင်ဆာအထိ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့်မို့ သုတေသနပညာရှင်တွေဟာ အမျိုးသမီးတွေကို ဘရာဝတ်ဆင်တာလျှော့ဖို့ တားမြစ်လာကြတာပဲ ဖြစ်ပါတယ်။

(၉၀)% သောအမျိုးသမီးထုဟာဆိုရင်လည်း ဘရာဝတ်ဆင်မှုနှုန်းကို လျှော့ချလိုက်ကြတဲ့အခါ ချည်မျှင်ရဲ့ပိုးမွှားလေးတွေကတစ်ဆင့်ဖြစ်တဲ့ ကင်ဆာရောဂါဖြစ်မှုနှုန်းကို သိသိသာသာ ပြောင်းလဲလျော့နည်းမှုရှိလာကြောင်း ဒေါက်တာ ဂရာဂိုရီ (Dr. Gragory) ကဆိုပါတယ်။ ဆက်လက်ပြီး ဒေါက်တာ ဂရာဂိုရီက အမျိုးသမီးတွေ ဘရာကို မကြာခဏဝတ်ဆင်နေမယ်ဆို ရင်သားတစ်ဝိုက်က သွေးဖြူဆဲလ်တွေပါရှိတဲ့ ကိုယ်တွင်းအရည်ကြည် (သို့) သွေးဖြူဥတွေကိုပါ ထိခိုက်လာနိုင်ကြောင်း သတိပေးပြောကြားထားပါတယ်။

သုတေသနပညာရှင်တွေဟာ အမျိုးသမီးတွေကို ဘရာဝတ်ဆင်တာလျှော့ဖို့ တားမြစ်လာ

တစ်ဖန် ဘရာဝတ်ခြင်း၊ မဝတ်ခြင်းနဲ့ အမျိုးသမီးတွေရဲ့ အိန္ဒြေသိက္ခာဘယ်လို ဆက်စပ်မှုရှိနေခြင်းကိုလည်း သိရှိနိုင်ဖို့ အသက် (၁၈) နှစ်ကနေ အသက် (၃၅) နှစ်အရွယ်အမျိုးသမီး (၃၃၀) ယောက်ကို (၁၅) နှစ်ကြာ စောင့်ကြည့်ပြီး သုတေသနပြုစစ်တမ်းကောက်ခဲ့ကြပါတယ်။

တွေ့ရှိချက်အရ အသက်ငယ်ငယ်ရွယ်ရွယ်မှာတည်းက ဘရာဝတ်တဲ့အလေ့အကျင့်ရှိနေခြင်းက သင့်ရဲ့ရင်သားမလျော့တွဲသွားစေဖို့နဲ့ ရင်သားပုံကျလာအောင် အထောက်အကူပြုနိုင်ခြင်းတွေအပြင် ဘာမှအထူးတလည်မရှိဘူးလို့ ဆိုပါတယ်။

အမျိုးသမီးငယ်တွေအတွက် ဘရာမဝတ်ဘဲ လွတ်လပ်စွာနေထိုင်ခြင်းက သားမြတ်တစ်ရှူးတွေကို အထောက်အကူဖြစ်စေတဲ့အပြင် ကြွက်သားတွေကိုလည်း ပိုပြီးကြီးထွားလာနိုင်စေတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ငယ်ရွယ်စဉ်မှာ ဘရာဝတ်မှုနှုန်းနည်းတဲ့ အမျိုးသမီးတွေဟာ ကော်လဂျင်ထုတ်လုပ်နိုင်စွမ်းနဲ့ ဆန့်ကျူံ့နိုင်စွမ်းအားဟာ ဘရာအမြဲဝတ်နေကျ အမျိုးသမီးတွေထက် ပိုသာလွန်ကောင်းမွန်နေတယ်လို့လည်း ဆိုထားပါတယ်။

Ref: awarenessact.com “Scientists Urge Women To Stop Wearing Bras, Here’s Why”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top