သူများထက် နှာတစ်ဖျားသာချင်ရင် စာဖတ်ပါ

student-reading.jpg

“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသလိုပဲ စာများများဖတ်ခြင်းက သင့်ကို လူမှုဆက်ဆံရေးမှာ များစွာအထောက်အကူပြုစေပါတယ် စာအုပ်တစ်အုပ် ဖတ်လိုက်တယ်၊ အဲဒီစာအုပ်ထဲက အဓိကအကြောင်းအရာတွေ၊ ပေးချင်တဲ့ရသတွေကို ပြန်လည်မျှဝေပေးတာကြောင့်လည်း သင့်ကို လူချစ်လူခင်ပေါများစေပြီး လူပုံအလယ်မှာ ထင်ရှားစေမှာပါ။

စာများများဖတ်လေ အသိညဏ်ပိုကြွယ်ဝလေဖြစ်ပြီး အောင်မြင်မှုပန်းတိုင်နဲ့ ပိုနီးလေဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ နိင်ငံတကာမှစာအုပ်တွေကို အခကြေးပေးပြီး ဝယ်ယူနိင်ရုံသာမက အခမဲ့ဒေါင်းလုတ်ဆွဲနိင်တဲ့ ဝက်ဆိုဒ်များလည်းရှိပါတယ်။ သွားလေရာကို စာအုပ်အထူကြီး ယူသွားနေစရာမလိုဘဲ ဖတ်လိုတဲ့စာအုပ်ကို မိုဘိုင်းဖုန်းတေါ၊ လက်တောပ့်တေါထဲကို ထည့်သွင်းပြီး အလွယ်တကူဖတ်ရှုလို့ရနေပါပြီ။

အရေးကြီးတာတစ်ခုကတော့ သင်မှာ စာဖတ်ချင်တဲ့ စိတ်ဆန္ဒရှိဖို့ပါပဲ။ သင့်မှာတကယ်လို့ စာဖတ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင်တော့ အခုအောက်မှာဖော်ပြထားတဲ့ အချက်များက သင်စာဖတ်ရာမှာ အထောက်အကူများစွာဖြစ်စေနိုင်မှာပါ။

စာအုပ်တစ်အုပ်ကို ဖတ်ပြီဆိုရင် ပထမဆုံး မာတိကာနဲ့ စာရေးသူအမှာစာကို ပြီးဆုံးအောင်ဖတ်ပါ။ စာဖတ်သူအများစုဟာ စာရေးသူရဲ့ အမှာစာကိုကျော်ပြီး နောက်က စိတ်ဝင်စားစရာများကိုသာ ရွေးချယ်ဖတ်တတ်ကြပါတယ်။ စာရေးသူရဲ့ အမှာစာမှာ သူ့ရဲ့အကြောင်းနဲ့ဘာလို့ ဒီစာအုပ်ကိုရေးသားထားတယ်၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ဖော်ပြပေးထားပါတယ်။ အထဲမှာ ရေးထားတဲ့စာတွေကိုတော့ သဘောကျတယ်၊ စာရေးသူရဲ့အကြောင်းကိုတော့ မသိဘူးဆိုရင် စာရေးသူကို မလေးစားရာရောက်ပါတယ်။

သင့်ရဲ့ လက်ရှိ စိတ်အခြေအနေအတိုင်း ရွေးချယ်ဖတ်သင့်ပါတယ်။ စိတ်ဓာတ်ကျနေချိန်၊ အားငယ်နေချိန်များမှာ စိတ်ဓာတ်တက်ကြွစေမယ့် စာအုပ်များရွေးချယ်ဖတ်ခြင်းက သင့်ကိုအမြန်ဆုံးနဲ့ အကောင်းဆုံးအနေအထားတစ်ခုကို ပြန်လည်တွန်းပို့ပေးနိုင်ပေမယ့် သင်အသည်းကွဲနေချိန်မှာ ရိုမန့်တစ်ဆန်တဲ့အချစ်ဝတ္တုတစ်ပုဒ်ကို ရွေးချယ်ဖတ်မိတယ်ဆိုရင်တော့ သင့်အနေနဲ့ ပိုပြီးစိတ်ညစ်ရမှာပါ။ ဒီအတွက်ကြောင့် သင့်စိတ်အခြေအနေအပေါ်မူတည်ပြီး ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။

ဒီစာအုပ်ကို သင် ဘယ်လောက်ထိဖတ်မှာလဲ။ တစ်ထိုင်တည်း အပြီးဖတ်မလား။ ဒါမှမဟုတ် တစ်နေ့နဲနဲချင်းစီဖတ်မလားဆိုတာ သင်ကိုယ်တိုင်ရွေးချယ်ပါ။ သင်ဖတ်နေတာ ဝတ္တုတစ်အုပ်ဆိုရင် တစ်ခါတည်းအပြီးဖတ်တာ အဆင်ပြေပေမယ့် အတွေးအခေါ်ပိုင်း၊ ပညာရပ်ပိုင်းနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေတာဆိုရင်တော့ ကိုယ်မှတ်မိနိုင်မယ့် ပမာဏလောက်သာ ဖတ်ခြင်းက အကောင်းဆုံးပါပဲ။

စာဖတ်ရင်း ကိုယ့်အတွက်အသုံးတည့်မယ့် အကြောင်းအရာများကို တစ်ခါတည်းမှတ်သားတတ်ပါစေ။ ရောင်စုံခဲတံများ အသုံးပြုပြီးမှတ်သားခြင်း ဒါမှမဟုတ် မှတ်သားလိုတဲ့အကြောင်းအရာများကို စာအုပ်တစ်အုပ်ထဲမှာ ရေးသားထားတာက စာအုပ်ထဲကအရေးအသားတွေကို အတွေးအခေါ်များအဖြစ် ဦးနှောက်ထဲ ရောက်စေမှာပါ။

စာဖတ်သူအများစုက အကြောင်းအရာတစ်ခုကိုဖတ်ပြီး မကြာမီ မေ့ပျောက်သွားတတ်ကြပါတယ်။ ဒါဟာ စဖတ်ကတည်းက အလျင်အမြန်နဲ့ အပေါ်ယံသာဖတ်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဖတ်ထားသမျှကို မှတ်မိနေစေဖို့အတွက် တစ်နေ့တာ ဖတ်ထားသမျှ အကြောင်းအရာတွေကို သင်မအိပ်ခင် ပြန်ပြီး စဉ်းစားကြည့်ပေးပါ။ ဒီလိုလုပ်တာက စာအုပ်တွေ ပျောက်သွားရင်တောင် စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို သင့်ရဲ့မှတ်ညဏ်ထဲမှာ သံမှိုလို စွဲမြဲနေစေမှာ ဖြစ်ပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top