စံချိန်အသစ်တင်နိုင်ခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံးရေငုပ်သမား

img1-1.jpg

အသက် (၉၆) နှစ်အရွယ် ရေ ဝေါ်လေ (Ray Woolley) ဆိုသူ စစ်ပြန်အဘိုးအိုဟာ ကမ္ဘာ့အသက်အကြီးဆုံးရေငုပ်သမားအဖြစ် တတိယအကြိမ်မြောက်ရေငုပ်ပြီး အရင်က သူရေငုပ်တဲ့စံချိန်ထက်သာလွန်ရင်းနဲ့ သူ့ရဲ့မွေးနေ့ကို သြဂုတ်လ (၂၈) ရက်နေ့က ဆင်နွှဲခဲ့ပါတယ်။

သြဂုတ်လ (၂၈) ရက်နေ့က ရေ ဝေါ်လေက (၄၈) မိနစ်နဲ့ အနက် (၄၂.၂) မီတာကို ဒိုင်ဗင်ထိုးဆင်းခဲ့ပါတယ်။ ဒီစံချိန်က အရင်က သူ့ရဲ့စံချိန် (၄၄) မိနစ်နဲ့ အနက် (၄၀.၆) မီတာကို စံချိန်ချိုးခဲ့တယ်လို့ သိရပါတယ်။

“တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ။ ကျွန်တော် ရေငုပ်လာတာ အခုဆို (၅၉) နှစ်ရှိနေပါပြီ။ မင်းတို့ မှတ်မိနေရမယ့် ရေငုပ်နည်းပါပဲ။ ဘယ်လို့လဲဆိုရင် မင်းတို့နဲ့အတူ ရေငုပ်သမားတော်တော်များများရှိပါတယ်” လို့ ဝေါ်လေက သူနဲ့အတူ ရေကူးတဲ့ အခြားရေငုပ်သမား (၄၇) နှစ်ဦးကို ပြောပါတယ်။

“ကျွန်တော် ရေငုပ်နိုင်သေးရင်၊ ကျွန်တော့သူငယ်ချင်းတွေက ကျွန်တော်နဲ့အတူ ရေငုပ်ချင်တဲ့ဆန္ဒရှိရင် နောက်နှစ်မှာထပ်ပြီး ရေငုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်” လို့ သတင်းဌာနကို ဝေါ်လေက ထုတ်ပြောပါတယ်။

ရေ ဝေါ်လေက ဆိုက်ပရပ်စ်နိုင်ငံက ဖြစ်ပြီး သူဟာ ဒုတိယကမ္ဘာစစ်ကာလတုန်းက ရေဒီယိုအော်ပရေတာသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ ကိုယ့်ကိုယ်ကိုယ်အသက်ကြီးတယ်လို့ မထင်ထားတဲ့သူလည်းဖြစ်ပါတယ်။

အခုတခေါက် ရေငုပ်တာက ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ခုနှစ်က စံချိန်တွေကို အောင်အောင်မြင်မြင်နဲ့ စံချိန်ချိုးပစ်နိုင်ခဲ့တာပါ။

ရေအောက်ရိုက်ကူးထားတဲ့ပုံတွေမှာတော့ ဝေါ်လေ နဲ့ အခြားရေငုပ်သမားတွေ သဘောၤပျက်ကိုယ်ထည်ပေါ်မှာ ထိုင်နေကြတာကိုလည်း တွေ့ရပါတယ်။ ဝေါ်လေရဲ့ဘဝအကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းတင်ဇာတ်ကား Life Begins ကို Bosnia Herzegovina Film Festival မှာ စက်တင်ဘာလအတွင်း ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: AsiaOne “World War II veteran Ray Woolley breaks own scuba diving record at age 96”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top