မွေးရပ်မြေမှာ စာသင်ကျောင်းတွေဆောက်လုပ်ပေးဖို့အတွက် ထီပေါက်တဲ့ငွေတွေကို အသုံးပြုသွားမယ့် အမျိုးသား

25.5.2023-yyl-8.jpg

တချို့လူတွေက ထီပေါက်ရင် သူတို့ရဲ့လိုအပ်ချက်တွေနဲ့ သူတို့ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းကြတာများပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ထီပေါက်ခဲ့တဲ့အမျိုးသားတစ်ဦးကတော့ သူ့ရဲ့ထီဆုငွေကို မွေးရပ်မြေအတွက် အသုံးပြုသွားမှာပါ။ မာလီနိုင်ငံဇာတိ ဆိုလေးမာနီ ဆာနာဆိုတဲ့ အဲဒီအမျိုးသားက ခဲခြစ်ထီကံစမ်းရာမှ ဒေါ်လာ ၁ သိန်းပေါက်ခဲ့တာပါ။

လက်ရှိအမေရိကန်မှာ နေထိုင်နေတဲ့ အသက် ၃၉ နှစ်အရွယ် ဆိုလေးမာနီက ဒေါ်လာ ၃၀ တန် Millionaire Maker ခဲခြစ်ထီကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်က ကင်စတန်မြို့ရှိ ဆီဆိုင်မှာ ဝယ်ယူခဲ့တာပါ။ သူက ဒီထီဆုငွေတွေကို သူ့ရဲ့မွေးရပ်မြေမှာ စာသင်ကျောင်းတွေ ဆောက်လုပ်ရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ “မာလီနိုင်ငံမှာ ကလေးတွေအတွက် စာသင်ခန်းတွေ ပိုပြီးဆောက်လုပ်ပေးဖို့ ကျွန်တော် အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဒါက ကျွန်တော်ကို အရမ်းပျော်ရွှင်စေတဲ့အရာပါ။ နည်းနည်းချင်း ကျွန်တော့်အိပ်မက်က အမှန်တကယ်ဖြစ်လာနေပါပြီ “တဲ့။

အကနည်းပြဖြစ်တဲ့ ဆိုလေးမာနီဟာ အမေရိကန်နိုင်ငံက လူတွေကို ကူညီထောက်ပံ့ပေးဖို့ ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ထားပါတယ်။ အခုဆို သူက ဒီထီဆုငွေတွေနဲ့ ဒီထက်ပိုပြီးလုပ်ချင်နေပါတယ်။ သူက စာသင်ကျောင်းတွေအပြင် အကစင်တာတစ်ခုလည်း တည်ဆောက်ချင်နေပါတယ်။ “ကျွန်တော် ကရတာကြိုက်တယ်။ အကကို မာလီက ကလေးတွေ မြတ်နိုးဖို့ ကျွန်တော်သင်ပေးချင်တယ်။

ယဉ်ကျေးမှုနဲ့ ပညာရေးအကြောင်း ပြောရင်တော့ နှစ်ခုလုံးလုပ်ရမှာပါ”လို့ သူက ဆိုပါတယ်။
ဆိုလေးမာနီက အခွန်ဆောင်ပြီးချိန်မှာ ထီဆုငွေ ဒေါ်လာ ၇၁၂၅၉ ရရှိခဲ့တာပါ။ သူက ထီပေါက်ပြီး အခြားသူတွေကို ကူညီဖို့အတွက် ခဲခြစ်ထီတွေ ဆက်ပြီးကံစမ်းသွားမှာပါ။

Ref: US Man Wins Rs 82,00,000 Lottery Jackpot, Commits To Funding Schools In Mali

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top