သားဖြစ်သူရဲ့ကျောင်းနောက်ဆုံးရက်မှာ မြင်းစီးပြီး လာကြိုပေးခဲ့တဲ့ ဖခင်

25.5.2023-yyl-9.jpg

ဥက္ကလာဟိုးမားပြည်နယ်က ဖခင်တစ်ဦးဟာ အသက် ၈ နှစ်အရွယ်သားဖြစ်သူရဲ့ကျောင်းနောက်ဆုံးရက်မှာ အမှတ်တရဖြစ်သွားအောင် မြင်းစီးပြီး လာကြိုခဲ့တယ်။ မိုက်ခ် မိုမန်းက သူ့သား ကာလ် တက်နေတဲ့ Edmond’s Rose Union Elementary School ဆီ ၂.၅ မိုင် ခရီးနှင်ခဲ့ရတာပါ။ သူက မြင်းတစ်ကောင်ကိုစီးပြီး သူ့သားစီးမယ့် မြင်းတစ်ကောင်ကိုလည်း ခေါ်ဆောင်လာခဲ့တာပါ။ မြင်းတွေက အသက် ၃ နှစ်အရွယ် နိုဗာနဲ့ အသက် ၁၂ ခွဲအရွယ် ဂရာဒီတို့ပါ။

မိုမန်းက သူ့ရဲ့ငယ်ဘဝဓလေ့တစ်ခုကို အတုယူခဲ့တာပါ။ သူငယ်ငယ်တုန်းကတော့ ကျောင်းနောက်ဆုံးရက်မှာ ကျောင်းကို မြင်းစီးလာခဲ့တာပါ။ ကာလ်ကလည်း ငယ်ငယ်လေးကတည်းက မြင်းကောင်းကောင်းစီးတက်ခဲ့တာပါ။ မိုမန်းက မြင်းနဲ့လာကြိုမယ့်အစီအစဉ်ကို ကျောင်းနဲ့ တိုင်ပင်ခဲ့ပါသေးတယ်။ ဒီအစီအစဉ်က ကာလ်အတွက်သာမက သူ့ရဲ့အတန်းဖော်တွေအတွက်ပါ အမှတ်တရအတွေ့အကြုံဖြစ်မယ်လို့ ထင်တဲ့အတွက် ကျောင်းအုပ်ကလည်း သဘောတူခဲ့တာပါ။

ဖခင်က သားဖြစ်သူကို မြင်းနဲ့လာကြိုတဲ့ ဗီဒီယိုကို Deer Creek School District ပေ့ချ်မှာ မေလ ၁၉ ရက်နေ့က တင်ခဲ့ပြီး ကြည့်ရှုသူ ၅.၁ သန်းကျော်နေပါပြီ။

ဗီဒီယိုကြည့်ရှုရန်

Ref: Oklahoma Dad Arrives on Horseback to Pick Up 8-Year-Old Son from Last Day of School

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top