Samsung နှင့် Claw Esports တို့ ပူးပေါင်းကျင်းပသွားမည့် “Galaxy Challenge” PUBG မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲ

5-2.jpg

Samsung Myanmar မှ ပြည်တွင်း E-sport ပြိုင်ပွဲစီစဉ်သူဖြစ်သူ Claw Esports နှင့် လက်တွဲပူးပေါင်း၍ “The Galaxy Challenge” အမည်ရှိ နိုင်ငံတကာအဆင့်မှီ PUBG Mobile ပြိုင်ပွဲအား စီစဉ်ကျင်းပသွားမည်ဟု ကြေညာလိုက်ပါသည်။ ထိုပြိုင်ပွဲကို Tencent နှင့် PUBG Corporation တို့မှ တည်ထောင်ထားသည့် PUBG Mobile မှလည်း တရားဝင် အသိအမှတ်ပြုထောက်ခံထားခြင်းဖြစ်သည်။ Galaxy Challenge PUBG Mobile ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံရှိ ဂိမ်းအသိုင်းအဝိုင်းအား ပိုမိုတိုးတက်လာစေေသောရည်ရွယ်ချက်ဖြင့် Samsung နှင့် Claw Esports တို့မှ ပထမဆုံးအကြိမ် ပူပေါင်းဆောင်ရွက်မှုလည်းဖြစ်သည်။ အဆိုပါပြိုင်ပွဲကြီးတွင် ဆုကြေးငွေစုစုပေါင်း သိန်းတစ်ရာနှင့်အထက်ပါဝင်ပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော PUBG Mobile ဂိမ်းပြိုင်ပွဲတစ်ခု ဖြစ်လာမည် ဖြစ်သည်။

Claw Esports အား မြန်မာနိုင်ငံ၏ Professional Esports အသင်းများ ပိုမိုပေါ်ထွက်လာရေးနှင့် မိုဘိုင်းဂိမ်းနှင့်ဆက်စပ်သော နယ်ပယ်များ ပိုမိုတိုးတက် လာရေးအတွက်၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် Professional Esports Organization တစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ Claw Esports သည် အချက်အလက်များအရ မြန်မာနိုင်ငံ၏ အကောင်းဆုံး PUBG Mobile အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။

Samsung Galaxy Challenge ၏ ပွဲစဉ်တစ်ခုချင်းစီအား ၂၀၁၉ ခုနှစ် မေလမှ ဇူလိုင်လအထိ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုလိုက်ပြိုင်ပွဲများကို မေလနှင့် ဇွန်လအတွင်း အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲစဉ်အားလုံးကို ဇူလိုင်လအတွင်းတွင် Offline ပွဲအား ကျင်းပကာ အဆုံးသတ်သွားမည် ဖြစ်သည်။ နောက်ဆုံးအဆင့်ပွဲစဉ်များအား ဇူလိုင်လ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့များတွင် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Samsung Galaxy Challenge ဂိမ်းပြိုင်ပွဲအား မေလ (၁၇) ရက်နေ့မှစတင် စာရင်းပေးသွင်းနိုင်မည် ဖြစ်ပြီး ဂိမ်းပြိုင်ပွဲနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို Samsung နှင့် Claw Esports တို့၏ တရားဝင် Facebook Page များမှ တဆင့် ကြေညာသွားမည် ဖြစ်သည်။ အုပ်စုအဆင့်တွင် အသင်းပေါင်း (၅၀၀) ပါဝင်မည် ဖြစ်ပြီး၊ အုပ်စုအဆင့်အပြီး အနိုင်ရရှိသော အသင်းပေါင်း (၁၀၀) မှ ထပ်မံ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ Final တွင် အသင်းပေါင်း (၂၀) ပါဝင်ကစားသွားမည် ဖြစ်သည်။ အနိုင်ရရှိသူကစားသမားများအား ငွေကျပ်သိန်း (၁၀၀) ကျော်ရှိ ပြိုင်ပွဲဆုကြေးမျာကို ပေးအပ်သွားမည် ဖြစ်သည်။ အနိုင်ရရှိသောအဖွဲ့ကို ဂိမ်းပြိုင်ပွဲကျင်းပသူများမှ ရှုံးထွက်စနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။

Samsung Galaxy Challenge ပြိုင်ပွဲ၏ အနိုင်ရသူများအား ရွေးချယ်ပြီး ဆုချီးမြှင့်သွားမည် ဖြစ်သည့်အပြင် ပြိုင်ပွဲတစ်လျှောက်အတွင်း အကောင်းဆုံး ဂိမ်းကစားသမားများကိုလည်း Samsung Myanmar မှ ရွေးချယ်သွားမည် ဖြစ်ပြီး အနာဂတ် မိုဘိုင်းဂိမ်း ပြိုင်ပွဲများအတွက် Galaxy Team ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top