မူးယစ်ယာဉ်မောင်းမှုနဲ့ စွဲချက်တင်ခံရတဲ့ ချဲလ်ဆီးကွင်းလယ်လူ ဒရင့်ဝါးတား

s6.jpg

ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ ဒရင့်ဝါးတားဟာ သောက်စားမူးယစ်ပြီး ယာဉ်မောင်းခဲ့တယ်လို့ စွဲချက်တင်ခံထားရပါတယ်။ နည်းပြသစ် ဆာရီလက်ထက်မှာ ပွဲကစားခွင့် ဆုံးရှုံးနေတဲ့ အင်္ဂလန်ကွင်းလယ်လူ ဒရင့်ဝါးတားဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အက်ရှ်လေလမ်းပေါ်မှာ မတော်တဆဖြစ်ခဲ့တာပါ။

တနင်္လာနေ့ နံနက် (၁၂) နာရီခွဲမှာ ဒရင့်ဝါးတားကို ချက်ရှိုင်းယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပေမဲ့ အနှောင်အတားမရှိတဲ့ အာမခံပေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ မေလ (၁၃) ရက်နေ့မှာတော့ စတော့ပို့တ်ရာဇဝတ်တရားရုံးမှာ ကြားနာမှုလုပ်ရမှာပါ။ ယာဉ်မတော်တဆမှုဖြစ်ပွားချိန်က ဒရင့်ဝါးတားရဲ့ Range Rover ကားပေါ်မှာ အမျိုးသမီးတစ်ယောက် ပါတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top