ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်က V7+ ကို ခမ်းနားစွာနဲ့ မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ် မျက်နှာပြင်ကျယ်တဲ့အပြင် ကင်မရာစွမ်းဆောင်ရည်နဲ့ အခြား V7+ ကို ဈေးကွက်ထဲမှာတော့ ချက်ချင်းရောင်းချခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ပထမဦးဆုံး စတင်ရောင်းချတဲ့နေ့မှာပဲ ရယူချင်သူတွေကတော့ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း Pre-Order တင်လို့ရပြီဖြစ်ကြောင်း သိရပါတယ်။
Pre-Order ဘာကြောင့် တင်ကြသလဲ
Pre-Order က ရောင်းချသူရော၊ ဝယ်ယူသူအတွက်ပါ နှစ်ဦးနှစ်ဘက် အကျိုးရှိတယ်လို့ ဆိုရမှာပါ။ ရောင်းချသူဘက်ကလည်း ဈေးဦးပေါက်ကောင်းသလို ဝယ်ယူသူဘက်ကလည်း ဦးဦးဖျားဖျား အသုံးပြုခွင့်ရပြီး၊ Pre-Order ကပေးတဲ့ လက်ဆောင်တွေလည်းရပါတယ်။
Pre-Order ဘယ်လိုတင်ရမလဲ
Pre-Order ကို Vivo Showroom တွေသာမက၊ Vivo Smartphone ရောင်းချတဲ့ ဘယ်ဆိုမှာမဆို တင်လို့ရပါတယ်။ Pre-Order အတွက် သတ်မှတ်ထားတဲ့စရံငွေပမာဏကို ဦးဆုံးပေးသွင်းရမှာပါ။ ပြီးရင် အချက်အလက်အချို့ကိုလည်း ဖြည့်သွင်းပေးရပါမယ်။ ဒါတွေလုပ်ပြီးပြီဆိုရင်တော့ ဆိုင်ရှင်ဆီကနေ Pre-Order Card နဲ့ V7+ လက်ဆောင်ပစ္စည်းဘူးကို ရရှိပါလိမ့်မယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ Pre-Order Card ယူသွားပြီး ငွေအပြည့်ပေးချေရင် V7+ နဲ့ V fan’s limited edition နားကြပ်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လစဉ်တိုင်း ၃၀၀၀ိ/ကျပ် ငွေဖြည့်သွင်းရုံနဲ့ တယ်လီနောရဲ့ 1GB Internet package ကို အခမဲ့ အဖြစ် 6GB အထိ ရရှိမယ်လို့ သိရပါတယ်။
Pre-Order အတွက် အသေးစိတ် သိရှိချင်ရင်တော့-
ရန်ကုန် – ၀၁၁ ၂၂၃၇၀၆၊ ၀၁ ၅၂၇၁၇၉
မန္တလေး – ၀၉၉၇၁၄၂၂၃၈၈၊ ၀၉၇၉၁၁၁၈၁၁၅
နေပြည်တော် – ၀၉၉၇၂၈၅၈၈၈၇၊ ၀၉၇၈၈၈၈၈၄၈၀
မော်လမြိုင် – ၀၅၇ ၂၄၃၃၂
စစ်ကိုင်း – ၀၉၄၀၀၅၄၉၁၂၉
မကွေး – ၀၆၃ ၂၅၁၆၃