မက်ဂရီဂေါ်နဲ့ ဒေါ်နယ်ဆီရိုနီ ပွဲစဉ်ဖြစ်မြောက်ဖို့ နီးစပ်နေ

yyl-008-9.jpg

အမေရိကန် သိုင်းပေါင်းစုံ ကစားသမား ဒေါ်နယ်ဆီရိုနီနဲ့ ထိုးသတ်ဖို့ ဆွေးနွေးမှုတွေ တိုးတက်နေပြီလို့ မက်ဂရီဂေါ်ရဲ့ မန်နေဂျာက ပြောပါတယ်။ မက်ဂရီဂေါ်ဟာ UFC 229 ပွဲစဉ်မှာ ခါဘီနာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း MMA ကစားနည်းနဲ့ တစ်နှစ်ကျော် ကင်းကွာနေသူပါ။ သူ့အနေနဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာ သံဇကာဝိုင်းထဲ ပြန်လာဖို့ရှိနေပြီး လာမယ့်ဇန်နဝါရီလမှာ ပွဲထိုးမယ်လို့ အခုလအစောပိုင်းက ရုရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ မက်ဂရီဂေါ်က ပြောခဲ့ပါတယ်။

”ပွဲထိုးဖို့ ဆွေးနွေးမှုတွေ တိုးတက်နေပြီလို့ ပြောနိုင်ပါတယ်။ ပြိုင်ဘက်ကစားသမားရဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပြီး အဆက်အသွယ်မပြတ် လုပ်နေပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ ကြေညာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ လုပ်စရာတွေတော့ ကျန်နေပါသေးတယ်”လို့ မက်ဂရီဂေါ်ရဲ့ မန်နေဂျာ အက်တာက ပြောပါတယ်။ ဆီရိုနီဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်(၂)ပွဲလုံးမှာ လိုက်ဝိတ်ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရှိသူ ကစားသမားတွေကို ရှုံးနိမ့်ခဲ့ပါတယ်။ UFC 238 မှာ ခါဘီနာမာဂိုမီဒေါ့ဗ်ရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်သူ တိုနီဖာဂူဆန်ကို ရှုံးနိမ့်ခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ဂျက်စတင်ဂါသီကို ရှုံးနိမ့်ခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိတဲ့ ဆီရိုနီဟာ ဒီနှစ်ထဲမှာ ပွဲစဉ်(၄)ပွဲ ထိုးသတ်ခဲ့သူပါ။ မက်ဂရီဂေါ်ကတော့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ပွဲစဉ်(၃)ပွဲထိုးဖို့ ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top