သင့်ကို တကယ်ချစ်တဲ့ချစ်သူကောင်လေးဆိုတာ

yyl-030-12.jpg

တချို့အတွက်က တကယ်ချစ်တဲ့ယောကျာ်းလေးဆိုတာ ပန်းစည်းအကြီးကြီးနဲ့ ကျောက်မျက်ရတနာတွေယူလာပေးပြီး ရိုတတ်တဲ့သူလို့ ထင်ထားကြပါတယ်။ အဲဒီလိုမပေးပြန်တော့ မိန်းကလေးတွေက သူတို့ကို တကယ်မချစ်ဘူးလို့ထင်လာတတ်ကြပါတယ်။ အမှန်တကယ်တော့ တကယ်ချစ်မချစ်ဆိုတာ ဈေးကြီးတန်ပစ္စည်းတွေပေးတာနဲ့ မဆိုင်ပါဘူး။ တကယ်ချစ်တဲ့ ယောကျ်ားလေးဆိုတာ သင့်ကိုချစ်တယ်လို့ဖွင့်မပြောရင်တောင် အပြုအမူတွေနဲ့ထုတ်ပြပါလိမ့်မယ်။ ဒါကြောင့် သင့်ကို ချစ်သူကောင်လေးက တကယ်ချစ်မချစ် သိစေနိုင်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၈) သင်ပြောတဲ့စကားကိုဂရုတစိုက်နားထောင်ပေးခြင်း

တကယ်အချစ်စစ်ဆိုတာ အပြန်အလှန်စိတ်ဝင်စားပေးတာ၊ အပြန်အလှန်မျှဝေမှုတွေလုပ်ရပါတယ်။ သင်ပြောတဲ့စကားကို စိတ်ပါဝင်စားစွာနားထောင်ပြီး မေးခွန်းတွေ မေးတဲ့သူဆိုရင် သင့်အပေါ်ကို အလေးအနက်ထားတဲ့သူဖြစ်ပါတယ်။

(၇) သင့်သူငယ်ချင်းနဲ့ မိသားစုကိုအလေးထားခြင်း

သူငယ်ချင်းနဲ့ မိသားစုက သင့်ရဲ့ဘဝတစိတ်တပိုင်းဖြစ်တဲ့အတွက် သင့်ကိုတကယ်ချစ်တဲ့သူက သင့်မိသားစုနှင့်သူငယ်ချင်းတွေကို ရိုသေလေးစားတတ်ပါတယ်။ သူတို့ကိုမကြိုက်မနှစ်သက်ရင်တောင် သင့်ကို သူတိုနဲ့အဆက်အသွယ်လုပ်တာကို တားမြစ်မှာမဟုတ်ပါဘူး။

(၆) စကားဝိုင်းဖွဲ့ပြောတဲ့အခါ သင့်ကိုဖယ်ကျန်မထားခြင်း

သင့်ကိုတကယ်ချစ်တဲ့သူက စကားဝိုင်းဖွဲ့ပြောတဲ့အခါ ဖယ်ကျန်ထားမှာမဟုတ်ပါဘူး။ သင်ကိုအခြားသူများနှင့်တန်းတူဆက်ဆံပြီး သင့်အမြင်ကို ထုတ်ပြောပြတာကိုလည်း ပိတ်ပင်မှာမဟုတ်ပါဘူး။

(၅) သင့်ရဲ့အောင်မြင်မှုကို အမြဲတမ်းဂုဏ်ယူနေပြီး အခြားသူတွေကိုလည်း အလွယ်တကူထုတ်ပြောပြခြင်း

မိန်းကလေးတွေအောင်မြင်မှုရရှိတာကို ယောကျာ်းလေးအများစုကမကြိုက်မနှစ်သက်ကြပါဘူး။ အထူးသဖြင့် သူတို့ကိုယ်တိုင်အောင်မြင်မှု မရရှိတဲ့အခါမျိုးမှာ။ ဒါပေမဲ့ တကယ်ချစ်တဲ့သူဆိုရင် သင်က သူ့ဘဝရဲ့တစိတ်တပိုင်းအဖြစ် သတ်မှတ်ထားတဲ့အတွက် သင်အောင်မြင်တဲ့အခါ ဝမ်းသာပါလိမ့်မယ်။ သင် အောင်မြင်တဲ့အကြောင်း အခြားသူတွေကိုလည်း ထုတ်ပြောပြဖို့ တုံ့ဆိုင်းမနေပါဘူး။

(၄) သင့်ကို တွန်းအားပေးခြင်း

မိန်းကလေးတစ်ယောက်က သူ့ကိုတကယ်ချစ်တဲ့ချစ်သူနဲ့ အတူရှိနေရင် သူဟာ အရေးပါတဲ့သူတစ်ယောက်လို ခံစားရပါလိမ့်မယ်။ သူက ကောင်လေးရဲ့ ကျေးဇူးတင်စကားကို အမြဲတမ်းကြားရပြီး သူ့ကို ဘယ်လိုတန်ဖိုးထားလဲဆိုတာလည်း သိရသလို ဘယ်မဆိုလုပ်ဖို့ နောက်ကနေလည်း တွန်းအားပေးခံရမှာပါ။

(၃) သင့်တစ်ခုခုမတောင်းဆိုဘဲနဲ့တောင် အလျှော့ပေးတတ်ခြင်း

တစ်ခါတရံ အချစ်စစ်မှာ အနစ်အနာခံရတာလည်းပါ ပါတယ်။ တကယ်ချစ်တဲ့ကောင်လေးက သင့်အပေါ် အမြဲအရိပ်တကြည့်ကြည့်နဲ့ဖြစ်နေပြီး သင့်နဲ့ပတ်သက်တဲ့အရာမှန်သမျှကို စိတ်ဝင်စားတတ်ကြပါတယ်။ သင့်နဲ့ပတ်သက်လာရင် မတောင်းဆိုရင်တောင် အလျှော့ပေးတတ်တဲ့သူဖြစ်ပြီး အဲဒီလိုလုပ်နေရတာကိုလည်း ပျော်နေတတ်သူဖြစ်ပါတယ်။

(၂) သူ့အယူအဆနဲ့ ကွဲပြားနေရင်တောင် သင့်ကို လေးစားပြီးလက်ခံပေးခြင်း

ယောကျ်ားလေးတစ်ယောက်က အခြားလူတွေရဲ့အမြင်ကို လက်ခံဖို့ခေါင်းမာတတ်သူဖြစ်ရင်တောင် တကယ်ချစ်တဲ့မိန်းကလေးကို တွေ့တဲ့အခါ အရာရာတိုင်းဟာ ပြောင်းလဲသွားတတ်ပါတယ်။ သင့်နဲ့သူဟာ အယူအဆချင်းမတူရင်တောင် သင့်ကိုလေးစားပြီး နားလည်ပေးဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

(၁) သင့်က သူရဲ့မရှိမဖြစ်အရေးပါမှု

တကယ်ချစ်တဲ့သူက သင့်ကို ငဲ့ကွက်ပြီး ဆုံးဖြတ်ချက်ချပါလိမ့်မယ်။ သင့်ရဲ့စိတ်ဝင်စားမှုကိုလည်း စဉ်းစားပေးပါလိမ့်မယ်။ သင်က သူ့အတွက် မရှိမဖြစ်အရေးပါတဲ့အတွက်ကြောင့်ပါပဲ။

Ref: 8 Signs Proving That Your Man Truly Loves You

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top