ဝင်ဘယ်ဒန်ချန်ပီယံ (၅) ကြိမ် ဆွတ်ခူးခဲ့တဲ့ ဗီးနပ်စ်ဝီလျံကို (၁၅) နှစ်အရွယ် တင်းနစ်မယ်က ဖြုတ်ချ

65683922_2461134503917455_8711276270039597056_n.jpg

အသက် (၁၅) နှစ်အရွယ် အမေရိကန်တင်းနစ်မယ် ကိုရီဂေါ့ဖ်ဟာ ဝင်ဘယ်ဒန်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်မှာ ဗီးနပ်စ်ဝီလျံကို အနိုင်ရပြီး အံ့အားသင့်စရာရလဒ် ဖန်တီးခဲ့ပါတယ်။ အသက် (၃၉) နှစ်အရွယ်ရှိတဲ့ ဗီးနပ်စ်ဝီလျံဟာ ကိုရီဂေါ့ဖ်မမွေးခင်ကတည်းက ဝင်ဘယ်ဒန်ဖလား (၂) လုံးအပါအဝင် ဂရန်းစလင်းဆုဖလား (၄) လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲမှာ စုစုပေါင်း ချန်ပီယံဖလား (၅) ကြိမ် ဆွတ်ခူးနိုင်ခဲ့သူပါ။

ဒါပေမဲ့ ၂၀၁၉ ခုနှစ် ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲ ပထမအဆင့်မှာတော့ ကမ္ဘာ့အဆင့် (၃၁၃) ပဲရှိတဲ့ ဆယ်ကျော်သက် ကိုရီဂေါ့ဖ်က ဗီးနပ်စ်ဝီလျံကို ၆-၄၊ ၆-၄ နဲ့ အနိုင်ရခဲ့ပါတယ်။ ” တင်းနစ်ပွဲမှာ အနိုင်ရပြီး ငိုမိတာ ပထမဆုံးအကြိမ်ပါပဲ။ ဘယ်လိုခံစားရလဲဆိုတာကို မရှင်းပြတတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တည်တည်ငြိမ်ငြိမ်နေဖို့ ပြန်သတိပေးရပါတယ်။ ကွင်းစည်းတွေက အရင်အတိုင်းပဲ၊ ကွင်းတွေကလည်း အရင်အရွယ်အစားပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရပါတယ်”လို့ ကိုရီဂေါ့ဖ်က ပြောပါတယ်။ ဗီးနပ်စ်ဝီလျံနဲ့ ဆရီနာဝီလျံတို့ ညီအစ်မက သူ့အတွက် စံပြကစားသမားတွေပဲလို့ ကိုရီဂေါ့ဖ်က ပြောခဲ့ဖူးပါတယ်။ ကိုရီဂေါ့ဖ်ဟာ ၁၉၆၈ ခုနှစ်က အိုးပင်းခေတ်စတင်ခဲ့ပြီးနောက်ပိုင်း ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ အဓိကပွဲစဉ်ရေးဆွဲမှုအတွက် လက်ရည်စစ်ပွဲအောင်မြင်တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top