ဂျာမနီနိုင်ငံမှာ ပိတ်ဆို့မှုစည်းမျဉ်းတွေ တင်းကျပ်ဖွယ်ရှိနေလို့ ဘွန်ဒက်စ်လီဂါ ပြန်စဖို့ မသေချာသေး

hotsports04.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရတဲ့ ဘွန်ဒက်စ်လီဂါဘောလုံးပြိုင်ပွဲကို မေလ ၉ ရက်နေ့မှာ ပြန်လည်စတင်နိုင်ဖို့ ရည်မှန်းထားပေမဲ့ ဂျာမနီနိုင်ငံမှာ ပိတ်ဆို့မှုစည်းမျဉ်းတွေ တင်းကျပ်ဖွယ်ရှိနေလို့ ဘွန်ဒက်စ်လီဂါ ပြန်လည်စတင်ရေးအစီအစဉ်က မတင်မကျ ဖြစ်နေဆဲပါပဲ။ ဘွန်ဒက်စ်လီဂါ လက်ကျန်ပွဲစဉ်တွေကို ပြီးဆုံးအောင် ကစားနိုင်ရေးအတွက် ကလပ်အသင်းတွေက လေ့ကျင့်ခန်းပြန်ဆင်းနေကြသလို ဂျာမနီဝန်ကြီးချုပ် မာကယ်ကလည်း ခွင့်ပြုချက်ပေးမယ့် အနေအထားဖြစ်ခဲ့ပါတယ်။

အဲဒီအတွက် မေလ ၉ ရက်မှာ ပြိုင်ပွဲပြန်စဖို့ စီစဉ်ထားပေမဲ့ ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တစ်ကျော့ပြန် မြင့်တက်လာလို့ မာကယ်က ပိတ်ဆို့မှုစည်းမျဉ်းတွေကို တင်းကျပ်ဖွယ် ရှိနေပါတယ်။ ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၀၀၀၀ လောက်ရှိနေပြီး သေဆုံးသူ ၆၃၀၀ ကျော်ရှိပါတယ်။ ဂျာမနီနိုင်ငံဟာ တခြားဥရောပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပေမဲ့ ကူးစက်မှုနှုန်း မြင့်တက်လာရင် ဆေးရုံတွေ မနိုင်မနင်းဖြစ်နိုင်လို့ ဒုတိယအကြိမ် Lockdown(ပိတ်ဆို့မှု)လုပ်ရမယ်လို့ မာကယ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top