စည်ပိုင်းအသုံးပြုပြီး အတ္တလန်တစ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့တဲ့ ပင်စင်စားအဘိုးအိုရဲ့ ခရီးစဉ်ပြီးဆုံး

60141578_2368618996502340_977643408220749824_n.jpg

စက်မတပ်ထားတဲ့ စည်ပိုင်းတစ်လုံးအသုံးပြုပြီး အတ္တလန်တစ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့တဲ့ ပြင်သစ်နိုင်ငံသား ပင်စင်စားအဘိုးအိုရဲ့ ခရီးစဉ်ကတော့ (၁၂၈) ရက်အကြာမှာ ပြီးဆုံးသွားခဲ့ပါပြီ။ အသက် (၇၁) နှစ်အရွယ်ရှိတဲ့ ဆာဗင်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ အနောက်အာဖရိကကမ်းရိုးတန်းပေါ်က ကန်နရီကျွန်းကနေ ထွက်ခွာခဲ့တာပါ။ အလျား (၁၀) ပေ၊ အနံ (၇) ပေရှိတဲ့ အဝါရောင်စည်ပိုင်းကို ဆာဗင်ကိုယ်တိုင်လုပ်ထားတာပါ။

အဲဒီစည်ပိုင်းမှာ စက်မတပ်ဘဲ ရေစီးကြောင်းကို အဓိကအားထားပြီး စီးမျောခဲ့တာပါ။ မိုင်ပေါင်း (၂၉၃၀) ရှိတဲ့ ခရီးစဉ်မှာ ဆာဗင်အတွက် သည်းထိတ်ရင်ဖိုကိစ္စတွေ ကြုံခဲ့ပါတယ်။ ကုန်တင်သင်္ဘောတစ်စင်းနဲ့ တိုက်လုနီးပါးဖြစ်ခဲ့သလို လှိုင်းလုံးကြီးပုတ်ခတ်လိုက်လို့ စည်ပိုင်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်လုနီးပါး ကြုံခဲ့ပါတယ်။ သူဟာ သူကိုယ်တိုင် ငါးဖမ်းစားသောက်ရင်း နှစ်သစ်ကူးညမှာ ဝိုင်ဖြူနဲ့ မြည်းခဲ့ပါသေးတယ်။

ခရီးစဉ်တစ်လျှောက်မှာ အဆင်ပြေပြေဖြစ်ခဲ့ပေမဲ့ (၈) ညတာကာလမှာတော့ အခက်အခဲကြုံခဲ့တယ်လို့ ဆာဗင်က ပြောပါတယ်။ စစ်မှုထမ်းခဲ့ဖူးတဲ့ ဆာဗင်ဟာ စွန့်စားသွားလာရတာကို ဝါသနာထုံသူပါ။ သူဟာ ပြီးခဲ့တဲ့သီတင်းပတ်က စိန့်အူစတာယက်စ်ကျွန်း ကမ်းလွန်ဘက်ကိုရောက်ရှိခဲ့ပြီး ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top