နိုင်ငံတော်တော်များများက လက်ရာမြောက်လွန်းလှတဲ့ ရုပ်တုကြီးများ

60576102_2356326287958446_8481407309665271808_n.jpg

သက်မဲ့အရာဝတ္ထုတွေကလည်း ကျွန်တော်တို့ရဲ့အတွေးအခေါ်နဲ့ ခံစားချက်တွေကို သက်ရောက်မှုရှိနိုင်ပါတယ်။ တချို့အရာတွေကို ရုတ်တရက်သိလိုက်ရလို့ ဆွံ့အသွားတာ၊ တခါတလေ ရယ်စရာတွေနဲ့ကြုံတာတွေရှိသလို တစ်ခါတလေ ငိုရတာတွေနဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ မြင်တွေ့ရတဲ့ အလှတရားတွေကိုလည်း ငေးမောကြည့်မိတတ်ကြပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကလည်း သင့်ကို အံ့အားသင့်စေနိုင်မယ် ထင်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ကို ဆွဲဆောင်ထားမဲ့ လက်ရာမြောက်လွန်းလှတဲ့ ရုပ်တုကြီးတွေပါပဲ။ အဲဒီရုပ်တုကြီးတွေကို နိုင်ငံတော်တော်များများမှာ တွေ့ရတာဖြစ်ပါတယ်။

Building Bridges (အီတလီ)

အီတလီနိုင်ငံ၊ ဗီးနစ်မြို့က Building Bridges ရုပ်တုကြီးက အီတလီလူမျိုးအနုပညာရှင် လိုရမ်ဇို ကွမ်မ် (Lorenzo Quinn)ရဲ့ လက်ရာဖြစ်ပါတယ်။ လက်တွေက သူငယ်ချင်းဆက်ဆံရေး၊ ဉာဏ်ပညာ၊ သစ္စာတရား၊ အချစ်၊ မျှော်လင့်ချက်တွေရဲ့ တန်ဖိုးရှိမှုတွေကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။

Wat Samphran (ထိုင်း)

Wat Samphran က ထိုင်းနိုင်ငံမှာတည်ရှိတဲ့ ဗုဒ္ဓဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ အဲဒါက မီတာ (၈၀) ရှည်ပြီး ဘုရားကျောင်းကို ရစ်ပတ်ထားတဲ့ နဂါးရုပ်တုက ကြောင်လိမ်လှေကားတစ်ခု ပါဝင်ပါတယ်။

The Awakening (ယူနိုက်တက်စတိတ်)

The Awakening အမည်ရတဲ့ ရုပ်တုကြီးက ယူနိုက်တက်စတိတ်ရဲ့ National Harborမှာ တည်ရှိပါတယ်။ အဲဒါက မြေကြီးထဲမှာ နှစ်မြှုပ်နေပြီး လွတ်မြောက်ဖို့အတွက် ကိုယ့်ကိုယ်တိုင် ကြိုးစားနေတဲ့ ရုပ်တုဖြစ်ပါတယ်။

Jadayupara (အိန္ဒိယ)

Jadayupara က အိန္ဒိယနိုင်ငံက ရုပ်တုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးငှက်ရုပ်တုဖြစ်ပါတယ်။

Bregenz Festival (သြစတြီးယား)

Bregenz Festival က နှစ်စဉ် ဖျော်ဖြေတင်ဆက်နေတဲ့ အနုပညာပွဲ တစ်ခု ဖြစ်ပါတယ်။ အဲဒီအတွက် ရေပေါ်မှာ ပေါ်နေတဲ့ စတိတ်စင် တစ်ခုအနေနဲ့ ရုပ်တုကြီးကို တစ်နှစ်တစ်မျိုး ဖန်တီးပါတယ်။ ဒီရုပ်တုကတော့ ၂၀၁၁ခုနှစ်နဲ့ ၂၀၁၂ခုနှစ်မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

Ocean Atlas (ဘဟားမား)

Ocean Atlas က ဘဟားမားနိုင်ငံရဲ့ ကမ္ဘာ့အကြီးဆုံး ရေအောက်ရုပ်တုကြီးဖြစ်ပါတယ်။ ဒီရုပ်တုက (၁၈) ပေရှည်ပြီး သူ့ပခုံးပေါ်မှာ သမုဒ္ဒရာရဲ့အလေးချိန်ကို ထမ်းပိုးထားရတဲ့ ဘဟားမားလူမျိုးမိန်းကလေးတစ်ယောက်ကို ဖော်ညွှန်းထားပါတယ်။

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top