ONE Championship ၏ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ

5b961ee14d544e36d0e973d3e20f80fe.jpg

အာရှသမိုင်းတစ်လျှောက်တွင် အကြီးကျယ်ဆုံးသော ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Championship သည် ၂၀၁၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသို့ ကြီးကျယ်ခမ်းနားသော ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများကို ယူဆောင်ကျင်းပခဲ့သည်မှာ ယခုနှစ်ထိတိုင်ဖြစ်သည်။

ယင်းကာလတစ်လျှောက်တွင် ဝိတ်တန်း (၂) ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်သော အောင်လအန်ဆန်အပါအဝင် ဖိုးသော်၊ အန်တိုနီယာ၊ တီရဲလ်ထန်နှင့် ပုညစိုင်းတို့ကိုလည်း ကမ္ဘာ့ကြိုးဝိုင်းအတွင်းတွင် ကျော်ကြားထင်ရှားစေခဲ့သည်။ ထို့အပြင် မိုက်ရိုင်း၊ သပြေညို၊ စောမင်းမင်း နှင့် စိုင်းဉာဏ်လင်း အစရှိသော ရိုးရာလက်ဝှေ့ကစားသမားများလည်း ကိုယ်ခံပညာသိုင်းပေါင်းစုံလောကသို့ ခြေချဝင်ရောက်လာကြပြီဖြစ်ပါသည်။

လွန်ခဲ့သောနှစ်ပေါင်း (၅၀၀၀) ခန့်ကပင် အာရှဒေသတွင် ကရာတေး၊ မွေထိုင်း၊ ကွန်ဖူး၊ ဂျူဒို၊ ကာလီ၊ တိုက်ကွမ်ဒို၊ ဆမ်ဘို၊ အာကီဒို အစရှိသော ကိုယ်ခံပညာရပ်များသည် ထွန်းကားနေပြီဖြစ်သည်။ ကိုယ်ခံပညာရပ် စတင်ထွန်းကားရာဒေသဖြစ်သည်နှင့်အညီ အာရှနိုင်ငံများတွင် ကိုယ်ခံပညာပြိုင်ပွဲများကို အမြတ်တနိုးတန်ဖိုးထားကာ ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အနေဖြင့် ကျင်းပလေ့ရှိသည်။

ONE Championship မှ ကြီးမှူးကျင်းပသော ကမ္ဘာလုံးဆိုင်ရာကိုယ်ခံပညာပြိုင်ပွဲများတွင် ကစားသမားများသည် မတ်ရပ်ထိုးနှက်တိုက်ခိုက်သော ကိုယ်ခံပညာကစားနည်းများသာမက မြေပြင်ချုပ်ကွက်အားပြုကစားသော ကိုယ်ခံပညာရပ်များ အစရှိနည်းစနစ်မျိုးစုံကို အသုံးပြုကာယှဉ်ပြိုင်ကြရသည်။

ကမ္ဘာလုံးဆိုင်ရာကိုယ်ခံပညာပြိုင်ပွဲများ၏ စည်းမျဉ်းများ

ONE Championship သည် ကမ္ဘာလုံးဆိုင်ရာကိုယ်ခံပညာပြိုင်ပွဲများ၏ စည်းမျဉ်းများကိုချမှတ်ရာတွင် အာရှနှင့် အာရှမဟုတ်သောဒေသများမှ လက်တွေ့အကျဆုံးသောစည်းစနစ်စံများမှ အကောင်းဆုံးအချက်များကို ထုတ်နုတ်ချမှတ်ထားခြင်းဖြစ်သည်။

ပြိုင်ပွဲ၏ပွဲချိန်

တွဲဆိုင်းပြိုင်ပွဲတစ်ခုတွင် (၃) ချီယှဉ်ပြိုင်ရပြီး တစ်ချီလျှင် (၅) မိနစ်ကြာမြင့်ပါသည်။ တစ်ချီနှင့်တစ်ချီကြား နားချိန် (၁) မိနစ်ပေးထားသည်။ ချန်ပီယံလုပွဲများတွင် (၅) ချီပါဝင်ပြီး တစ်ချီလျှင် (၅) မိနစ်ကြာမြင့်သည်။ တစ်ချီနှင့်တစ်ချီကြား နားချိန် (၁) မိနစ်ရှိသည်။

အနိုင်ရရှိခြင်း

အောက်ဖော်ပြပါအခြေအနေများဖြင့် အနိုင် အရှုံးကို ဆုံးဖြတ်ပါသည်။

  • အလဲထိုးနိုင်ခြင်း
  • ချုပ်ကွက်ဖြင့်အနိုင်ယူခြင်း
  • ပြိုင်ဘက်မှ နှုတ်ဖြင့် အရှုံးပေးကြောင်းပြောကြားခြင်း
  • ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိခြင်း
  • ပြိုင်ဘက်၏ကြိုးဝိုင်းအကူမှ ပြိုင်ပွဲအားရပ်စေခြင်းဖြင့် အနိုင်ရခြင်း
  • ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့်အနိုင်ရရှိခြင်း

ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့်အနိုင်ရရှိခြင်း

ပြိုင်ပွဲပြီးသည်အထိ အနိုင်အရှုံးမပေါ်လျှင် ဒိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် အနိုင်အရှုံး ဆုံးဖြတ်လေ့ရှိသည်။ ONE ၏ အမှတ်ပေးစံနှုန်းများကိုအသုံးပြုကာ ဒိုင်များသည် အမှတ်အနည်းအများကိုစိစစ်ပြီး တွဲဆိုင်း၏ အနိုင်ရရှိသူကို ဆုံးဖြတ်ကြသည်။ ဒိုင်လူကြီး (၃) ဦးမှ တစ်ချီချင်း အမှတ်ရေတွက်ခြင်းမျိုးမဟုတ်ဘဲ တွဲဆိုင်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကာ အမှတ်ပေးဆုံးဖြတ်ကြသည်။

ONE ၏ ဒိုင်ဆုံးဖြတ်ချက်စံနှုန်းများ

  • အလဲထိုးအနိုင်ရရန် သို့မဟုတ် ချုပ်ကွက်ဖြင့်အနိုင်ရရှိရန်နီးစပ်ခြင်း
  • ထိခိုက်မှု (အတွင်းပိုင်း၊ အနည်းအများ၊ အပြင်ပိုင်း)
  • လက်သီးတွဲလုံးများနှင့် ကြိုးဝိုင်းဆိုင်ရာကျွမ်းကျင်မှု (ကြိုးဝိုင်းထိန်းချုပ်နိုင်မှု၊ ပွဲတွင်းအခြေအနေကို ဦဆောင်နိုင်စွမ်း)
  • ပြိုင်ဘက်ကိုဖြိုလှဲနိုင်စွမ်း သို့မဟုတ် ဖြိုလှဲမှုကိုတွန်းလှန်နိုင်စွမ်း
  • အပြင်းအထန်ယှဉ်ပြိုင်နိုင်စွမ်း

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top