လူမှုဘဝ လှပဖို့ ရေဓာတ်ပြည့်အောင် နေထိုင်စို့

dasani.jpg

လူ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးရဲ့ တစ်ဝက်ကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပြီး ရေဓာတ်ကပဲ ခန္ဓာကိုယ် တစ်ခုလုံးအတွက် လိုအပ်တဲ့ အောက်ဆီဂျင်နှင့်အာဟာရတွေကို ပေးအပ်နေတာပါ။ဒါဆိုရင် တစ်နေ့ကို ရေပမာဏ ဘယ်လောက်သောက်သင့်သလဲဆိုတာ သင်သိပါသလား။ လူကြီးပိုင်း အမျိုးသား အမျိုးသမီးအများစုဟာ တစ်နေ့ကို သောက်ရေသန့် ၉ ခွက်ကနေ ၁၃ ခွက်အထိ သောက်သုံးသင့်ပါတယ်။

ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာအပေါ် မူတည်ပြီး ရေဓာတ်ဆုံးရှုံးထားတာနဲ့ ကာမိတဲ့ ရေပမာဏကို သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဓာတ် မပြည့်ဝဘူးဆိုရင် တဖြည်းဖြည်းနဲ့ အားအင်ကုန်ခမ်း လာပြီး အာရုံစူးစိုက်မှုလည်း လျော့နည်းလာနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းက လူမှုဘဝအတွက် ဘယ်လောက်အရေးပါလဲဆိုတာ အောက်မှာ ဖော်ပြပေးထားပါတယ်။

အလုပ်လုပ်ခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း

အလုပ်ခွင်မှာ အာရုံစူးစိုက်မှုရှိနေဖို့ ကူညီပေးနိုင်တဲ့ အဓိကအချက်က ရေဓာတ်ပြည့်ဝနေဖို့ပါပဲ။ ရေဓာတ်လျော့နည်းသွားတဲ့အခါမျိုးမှာ ခေါင်းကိုက်တာ၊ မှတ်ဉာဏ် ကျဆင်းတာ၊ အားအင်ကုန်ခမ်းတာ အစရှိတဲ့စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရလေ့ရှိပါတယ်။ တစ်နေ့တာလုံး ရေကို ပုံမှန်သောက်ခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကိုလန်းဆန်းစေပြီး ကိုယ့်ရဲ့ နေ့စဉ်စွမ်းဆောင်ရည်တွေကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဓာတ်ပြည့်ဝနေခြင်းက သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

ကိုယ်သောက်သုံးနေတဲ့ရေက သန့်စင်ကြည်လင်တဲ့ သောက်သုံးရေ ဖြစ်ဖို့ကလည်း အရမ်း အရေးကြီးပါတယ်။ ဒီလို အရည်အသွေးမြင့်မားကောင်းမွန်တဲ့ သောက်သုံးရေကို ရွေးချယ်တဲ့ နေရာမှာ စိတ်အချရဆုံးကတော့ Coca-Cola ကုမ္ပဏီရဲ့ ကမ္ဘာ့အဆင့်မီ ရေသန့်စင်စနစ် စံချိန်စံညွှန်းတွေနဲ့ ထုတ်လုပ်ထားတဲ့ သောက်ရေသန့်အမှတ်တံဆိပ် Dasani ပဲဖြစ်ပါတယ်။ မကြာသေးခင်က Coca-Cola က Dasani သောက်ရေသန့်အမှတ်တံဆိပ်သစ်ကို မြန်မာနိုင်ငံ ဈေးကွက်မှာ တရားဝင် စတင်မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ သောက်သုံးနေတဲ့ Dasani ရေသန့်ဟာ သောက်သုံးသူတွေအတွက် သန့်စင်ကြည်လင်တဲ့ အရည်အသွေးကောင်းကို ပေးစွမ်းနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း

ကိုယ်ကာယ လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေထဲ အောက်ဆီဂျင် ဝင်ရောက်နှုန်း မြင့်မားစေပြီး လှုပ်ရှားမှုတွေကို ထိရောက်စွာတိုးတက်စေတယ် ဆိုတာကို တော်တော်များများ သိကြမှာပါ။ ဒါပေမယ့် ရေသောက်ခြင်းကလည်း အဆစ်အမြစ်တွေ ချောချောမွေ့မွေ့ လှုပ်ရှားနိုင်အောင် ကူညီပေးနိုင်တယ် ဆိုတာကိုရော သိကြရဲ့လား။ ရေသောက်ခြင်းက လေ့ကျင့်ခန်းပြုလုပ်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်ပျော့ပြောင်းအောင် ကူညီပေးနိုင်ပြီး ဒဏ်ရာရနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန် ရေအလုံအလောက် မသောက်တဲ့အခါ ရေဓာတ်ခန်းခြောက်ရင် ကြွက်တက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်က ကြွက်သားတွေ ပင်ပန်းနွမ်းနယ်ခြင်းကနေ ကာကွယ်ဖို့နဲ့ ကိုယ်လုပ်ဆောင်မယ့် လေ့ကျင့်ခန်းကို အကောင်းဆုံး ပြီးမြောက်နိုင်ဖို့အတွက် ရေများများသောက်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။

လူမှုရေးကိစ္စများနှင့် ရေဓာတ်ဖြည့်ခြင်း

လူမှုရေးကိစ္စတွေအတွက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါ ရေများများသောက်ဖို့နဲ့ ရေဓာတ်ပြည့်ဝနေဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ အပြင်ထွက်ပြီး နေပူထဲမှာ ချွေးထွက်များရင် ရေဓာတ်ဆုံးရှုံးမှု ပမာဏ ပိုများပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲစေတဲ့အပြင် စိတ်တို ဒေါသထွက် လွယ်စေတဲ့အတွက် လူမှုဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် ခန္ဓာကိုယ်အပူချိန်ကိုလည်း လျှော့ချပေးနိုင်တဲ့အတွက်ကြောင့် အပူဒဏ်ကို ခံနိုင်ရည်ရှိစေပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာလည်း လန်းဆန်း တက်ကြွနေစေမှာပါ။

ခရီးသွားလာခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း

ခရီးသွားတဲ့အခါ အအေးနဲ့ အဆာပြေစားစရာတို့ ဝယ်လေ့ရှိမှာပါ။ ဒါပေမဲ့ တကယ်က အဲဒီအအေးနဲ့ စားစရာတွေက သင့်ကို ရေဓာတ်ပိုခမ်းခြောက်စေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင် သောက်သုံးရေ လုံလောက်အောင် သောက်သုံးတာက ကိုယ့်ကိုကိုယ် ရေဓာတ်ဖြည့်တင်းဖို့နဲ့ သွေးလည်ပတ်မှု အားကောင်းစေဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး၊ အထူးသဖြင့် ခရီးသွားတာလိုမျိုး နာရီပေါင်းများစွာ ထိုင်နေရမယ့် အချိန်တွေမှာ သင့်ရဲ့သွေးလည်ပတ်မှုကို အကောင်းဆုံး ထိန်းညှိပေးနိုင်တယ်လို့ ဆိုပါတယ်။ ခရီးသွားတဲ့အခါမှာလည်း အရည်အသွေးကောင်းပြီး သန့်စင်ကြည်လင်တဲ့ သောက်ရေသန့်ကို သောက်သုံးဖို့က အရေးကြီးပါတယ်။

ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ် လန်းဆန်းတက်ကြွနေစေဖို့နဲ့ နေ့စဉ်ပန်းတိုင်တွေကို အမြင့်မားဆုံး လျှောက်လှမ်းနိုင်ဖို့ အတွက် အရည်အသွေးအမြင့်မားဆုံးနဲ့ သန့်စင်ကြည်လင်မှု အရှိဆုံးသောက်သုံးရေကို Dasani က ပေးအပ်သွားဖို့ အဆင်သင့်ပါပဲ။ အိမ်မှာနေချိန်ပဲ ဖြစ်ဖြစ်၊ အပြင်သွားချိန်ပဲ ဖြစ်ဖြစ် Dasani သောက်ရေသန့် 550 ml နဲ့ 1L ဘူးတွေကို မြန်မာနိုင်ငံတစ်ဝန်းက စတိုးဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူသောက်သုံးသွားနိုင်မှာ ဖြစ်ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top