လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်အောင်ပွဲခံမှုကို ပရိသတ် (၇၅၀၀၀၀) နီးပါး ကြိုဆိုဂုဏ်ပြု

61754769_2410845602279679_8626874635050287104_n.jpg

ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့လို့ အမိုးဖွင့် ကား (၂) စီးနဲ့ လှည့်လည်အောင်ပွဲခံခဲ့တဲ့ လီဗာပူးအသင်းကို ပရိသတ် (၇၅၀၀၀၀) နီးပါးက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။ လီဗာပူးအသင်းဟာ အောင်ပွဲခံကား (၂) စီးမှာ ဥရောပချန်ပီယံလို့ ရေးသားထားပြီး အသင်းအဖွဲ့ဝင်တွေကလည်း အဲဒီစာတမ်းပါဂျာစီတွေ ဝတ်ဆင်ခဲ့ကြပါတယ်။ လီဗာပူးဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို (၆) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရပြီးနောက်ပိုင်း အင်္ဂလန်အသင်းတစ်သင်း ချန်ပီယံလိဂ်ဖလားရတာ ပထမဆုံးအကြိမ်ပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply