ခါဘီနာမာဂိုမီဒေါ့ဗ်အစား ဂျက်စတင်ဂါသီက တိုနီဖာဂူဆန်နဲ့ ယှဉ်ပြိုင်မယ်

karbinar.jpg

UFC 249 ပြိုင်ပွဲရဲ့ အဓိကတွဲဆိုင်းမှာ ရုရှားသိုင်းပေါင်းစုံ ကစားသမား ခါဘီနာမာဂိုမီဒေါ့ဗ်အစား ဂျက်စတင်ဂါသီကို အစားထိုးပြီး တိုနီဖာဂူဆန်နဲ့ ယှဉ်ပြိုင်စေမယ်လို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ပြောပါတယ်။

အမေရိကန်သိုင်းပေါင်းစုံ ကစားသမား တိုနီဖာဂူဆန်ဟာ ဧပြီလ ၁၈ ရက်နေ့ကျရင် လိုက်ဝိတ်ချန်ပီယံ ရွှေခါးပတ်ဆုအတွက် ပွဲတိုင်းနိုင် သိုင်းပေါင်းစုံ ကစားသမား ခါဘီနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ရုရှားနိုင်ငံမှာ Lockdown လုပ်ထားပြီး ခါဘီလည်း ပြည်ပကို ထွက်ခွာခွင့်မရပါဘူး။ ပွဲထိုးသတ်ဖို့ ၁၀ ရက်ကျော်ပဲ လိုတော့တဲ့အချိန်မှာ ခါဘီရဲ့နေရာမှာ ဂျက်စတင်ဂါသီကို အစားထိုးတယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်ကို အစောပိုင်းက နယူးယော့ခ်ပြည်နယ်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ လတ်တလော ထုတ်ပြန်ထားတဲ့ ပြည်နယ်ရဲ့ ဥပဒေအရ ပွဲကျင်းပခွင့်မရှိတဲ့အတွက် လက်စ်ဗီးဂတ်စ်မြို့မှာ တံခါးပိတ်ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ နီဗားဒါးပြည်နယ်ကလည်း ပွဲကျင်းပခွင့် ပိတ်ပင်ခဲ့လို့ ပွဲကျင်းပဖို့ အခက်အခဲဖြစ်နေပြီး ဘယ်နေရာမှာ ကျင်းပရမလဲဆိုတာ မသိရသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top