ဆံသားကို ဆီလိမ်းပေးခြင်းရဲ့ကောင်းကျိုးများ

yyl-032-4.jpg

မိန်းမတော်တော်များများက ဆံသားခြောက်သွေ့ခြင်းကို ကာကွယ်ပေးဖို့အတွက် ဆံသားကို ဆီလိမ်းပေးသင့်ပါတယ်။ တစ်ချို့က ဆံသားကို ခေါင်းလျှော်ပြီးတဲ့နောက် လိမ်းဖို့ပျင်းတတ်ကြပြီး လိမ်းရတာကိုလည်း မကြိုက်ကြပါဘူး။ တကယ်တော့ ဆံသားကို ဆီလိမ်းပေးမယ်ဆိုရင် ကောင်းကျိုးတွေရှိပါတယ်။ အဲဒီကောင်းကျိုးတွေကို ပျိုမေတွေသိရအောင် မျှဝေပေးလိုက်ရပါတယ်။

ဦးရေပြားအတွက်ကောင်းမွန်ခြင်း

ဆံသားအတွက် Serumနဲ့ အခြားဆံသားထုတ်ကုန်တွေက သက်တမ်းကြာပြီးဖြစ်တဲ့ အုန်းဆီကိုတော့ လိုက်မမီပါဘူး။ ဆဲလ်တစ်ရှုးတွေကို အားကောင်းလာစေဖို့အတွက် အစွမ်းထက်ပါတယ်။ ဆံသားလိမ်းဆီတွေက စိမ့်ဝင်တဲ့အတွက်ဦးရေပြားအတွက် ပိုပြီးကောင်းမွန်ပါတယ်။

သွေးလည်ပတ်မှုအားကောင်းခြင်း

ဆံသားကို ပုံမှန်နှိပ်နယ်ပေးခြင်းရဲ့အရေးကြီးတဲ့ ကောင်းကျိုးတွေထဲကတစ်ခုက ဦးရေပြားတစ်ဝိုက် သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဦးရေပြားရဲ့နေရာတိုင်းကို ဆီပျံ့နှံ့သွားတဲ့အခါ ဆံပင်အမြှစ်ကို အာဟာရဓာတ်တွေရရှိဖို့ လုပ်ဆောင်ပေးပါတယ်။

ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးခြင်း

ဆံသားကို ဆီပုံမှန်လိမ်းပေးခြင်းရဲ့ နောက်ထပ်ကောင်းကျိုးက ဆံပင်သန်ဖို့အတွက် အရေးပါတဲ့အထောက်အပံ့အဖြစ် လုပ်ဆောင်ပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ သင့်ဦးရေပြားနဲ့သင့်တော်တဲ့ သံလွင်ဆီ၊ အုန်းဆီကဲ့သို့ အကောင်းဆုံးဆီတွေကို ရွေးချယ်ပြီး ပုံမှန်လိမ်းပေးပါ။

ဆံသားရှုပ်ခြင်းမှ ကင်းဝေးခြင်း

ဆံသားရှုပ်ခြင်းးကို ကိုင်တွယ်ဖို့ ခက်ခဲလှပါတယ်။ အထူးသဖြင့် ရာသီဥတု ပူတဲ့အခါ၊ ဖုံထူတဲ့အခါမျိုးဖြစ်ပါတယ်။ ညဘက်(သို့) ရေမချိုးခင် တစ်နာရီမှာ ဆံသားကို ဆီပေးခြင်းက ဆံပင်နှစ်ခွဖြစ်ခြင်းမှ သက်သာစေပါတယ်။ ဆံသားရှုပ်နေတာကို ဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင် နည်းလမ်းကတော့ ဆီအနည်းငယ်ကို ယူပြီးခေါင်းအနှံ့လိမ်းလိုက်ပါ။ ဒါပေမဲ့ အရမ်းရွှဲစိုနေအောင်တော့ မလိမ်းသင့်ပါဘူး။

Ref: Here are the five benefits of oiling your hair

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top