ဟိုတယ်ဝန်ထမ်းတွေကို ပေါင် (၁၈၀၀၀) ဘောက်ဆူးပေးခဲ့တဲ့ ရော်နယ်ဒို

65433914_2447714871926085_7355154377985753088_n.jpg

သူတို့မိသားစုလာရောက်တည်းခိုချိန်အတွင်း ပါပါရာဇီတွေမသိအောင် ဖုံးကွယ်ပေးထားတဲ့အတွက် ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုက ဂရိဟိုတယ်ဝန်ထမ်းတွေကို ဘောက်ဆူးအဖြစ် ပေါင် (၁၈၀၀၀) ပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်၊ ကလေး (၄) ယောက်နဲ့အတူ ဂရိနိုင်ငံရဲ့ ကြယ် (၅) ပွင့်အဆင့်ရှိတဲ့ Westin Resort မှာ နွေရာသီအားလပ်ရက် အပန်းဖြေခဲ့ပါတယ်။ ဟိုတယ်မှာ တည်းခိုနေချိန်အတွင်း သူတို့မိသားစုဓာတ်ပုံတွေထွက်ပေါ်လာခြင်းမရှိလို့ ရော်နယ်ဒိုကကျေနပ်နေပြီး ဟိုတယ်ဝန်ထမ်းတွေအတွက် ပေါင် (၁၈၀၀၀) ပေးခဲ့တာလို့ AS သတင်းဌာနကဖော်ပြပါတယ်။

Westin Resort မှာရှိတဲ့အခန်းတွေဟာ အိုင်အိုနီယန်ပင်လယ်ကြီးကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရပြီး ဟိုတယ်ခန်းတစ်ခန်းချင်းစီအတွက် သီးသန့်ရေကူးကန်တွေ တည်ဆောက်ပေးထားပါတယ်။ ရော်နယ်ဒိုဟာ Westin Resort ကို (၂) နှစ်ဆက်တိုက် လာရောက်အပန်းဖြေခဲ့တာပါ။ ရော်နယ်ဒိုတို့မိသားစုဟာ အခုချိန်မှာတော့ ပြင်သစ်နိုင်ငံ ရီဗီရာကမ်းရိုးတန်းကဇိမ်ခံရွက်လှေပေါ်မှာ မိသားစုလိုက်အပန်းဖြေနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top