ရော်နယ်ဒို၊ ဇီဒန်းတို့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးကို ကျော်လွန်သွားတဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူး ဟာလန်း

25-11-2020-yyl-011.jpg

ဘရုဂျက်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်အတွက် (၂)ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းကတော့ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒို၊ ပြင်သစ်ဂန္ထဝင် ကစားသမားဟောင်း ဇီဒန်းတို့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးကို ကျော်လွန်သွားခဲ့ပါပြီ။ အသက် ၂၀ ပဲ ရှိသေးတဲ့ ဟာလန်းဟာ ချန်ပီယံလိဂ်ပွဲစဉ် (၁၂)ပွဲ ကစားချိန်မှာ (၁၆)ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုနဲ့ ပြင်သစ်ကွင်းလယ်လူဟောင်း ဇီဒန်းတို့ ၂ ယောက်လုံး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၄ ဂိုးစီပဲ သွင်းယူနိုင်ခဲ့တာပါ။

ဟာလန်းဟာ ထိပ်တန်းဘောလုံးသမားတွေဖြစ်တဲ့ စပိန်တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာ၊ ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေးတို့ထက်လည်း ချန်ပီယံလိဂ်သွင်းဂိုး ပိုများပါတယ်။ ဒေးဗစ်ဗီလာနဲ့ ကလိုဆေးတို့ ၂ ယောက်လုံး ချန်ပီယံလိဂ်မှာ ၁၄ ဂိုးစီပဲ သွင်းယူနိုင်ခဲ့တာပါ။ ဟာလန်းဟာ ချန်ပီယံလိဂ် သွင်းဂိုးပမာဏအရ ကားလို့စ်တီဗက်ဇ်၊ ဂျရူးဒ် (၁၃ ဂိုးစီ)၊ မိုက်ကယ်အိုဝင်၊ ဒီယေဂိုကော်စတာ (၁၁ ဂိုးစီ)၊ ဗီယာရီ (၁၀ ဂိုး)၊ ဒင်းနစ်ဘားကမ့် (၇ ဂိုး)တို့ရဲ့ အပေါ်မှာ ရပ်တည်နေပါတယ်။

ဒါပေမဲ့ ဟာလန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရဖို့ လက်ရှိဂိုးသွင်းနှုန်းကို ဆက်ထိန်းထားဖို့ လိုအပ်နေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကတော့ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဖြစ်ပြီး (၁၃၂)ဂိုး သွင်းယူထားပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကတော့ (၁၁၈)ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ရာအူးလ်( ၇၁ ဂိုး)က တတိယနေရာ၊ လီဝမ်ဒေါစကီး (၇၀ ဂိုး)က စတုတ္ထနေရာ၊ ဘန်ဇီမာ (၆၇ ဂိုး)က ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။

Ref: Dailymail ” Borussia Dortmund star Erling Haaland surpasses legends Ronaldo and Zinedine Zidane in Champions League goalscoring charts with incredible 16 strikes to his name already at the tender age of 20″

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top