အတုခိုးသင့်တဲ့ ကမ္ဘာတစ်ဝန်းက ဝိတ်ကျစေတဲ့လျှို့ဝှက်ချက်များ

woman-measuring-her-tummy-and-weight-RV82WJ9.jpg

နိုင်ငံတိုင်းမှာ သူတို့ ယဉ်ကျေးမှုနဲ့သူတို့ ပိန်စေတဲ့ အလေအထ တွေရှိတယ်။ ဘယ်နိုင်ငံတွေက ဝိတ်ကျစေတဲ့ အလေ့အထ ကောင်းတွေ ပိုင်ဆိုင်နေလဲ ကြည့်ကြရအောင်…

ထိုင်း : အစပ်မပါရင်မပြီးဘူး

ထိုင်းအစားအစာက ကမ္ဘာပေါ်မှာ အစပ်ဆုံးစာရင်းထဲ ပါပါတယ်။ ငရုတ်သီးက ခန္ဓာကိုယ် ဇီဝကမ္မကို မြှင့်တင်ပေးပါတယ်။ ဒါပေမယ့် စပ်တဲ့ အရသာပေးနိုင်တဲ့ ငရုတ်သီးရဲ့ တကယ့် အသုံးဝင်တဲ့ အချက်က အစားစားခြင်းကို နှေးကွေးစေပါတယ်။ အစားကို ဖြေးဖြေးလေးပဲ စားဖြစ်တော့ ဝိတ်ကျတာပေါ့။ ဒီနည်းလမ်းလေးက ဝိတ်ကျစေတယ်ဆိုတော့ နောက်ဆို ဟင်းချက်ရင် အစပ်ပိုကဲပြီးချက်နော်။

ဘရာဇီး : ထမင်း နှင့် ပဲစေ့က မပါမဖြစ်ပါ

ဘရာဇီးလူမျိုးတွေ သွယ်လျ လှပရခြင်း အကြောင်းရင်းက ဘာဟင်းနဲ့ပဲစားစား ထမင်းနှင့် ပဲစေ့တွေကတော့ အမြဲ မပါမဖြစ်ပါ။ဒီလိုမျိုး ထမင်းနှင့် ပဲစေ့ပါတဲ့ အစားအစာက အဝလွန်ခြင်း ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ အကြောင်းရင်းကတော့ အဆီဓာတ်နည်းပြီး အမျှင်ဓာတ် ပိုကြွယ်ဝတာကြောင့် ခန္ဓာကိုယ်က သွေးသကြား ပမာဏကို ထိန်းထားပေးနိုင်ပါတယ်။ ပဲစေ့တွေ အများကြီးပါတဲ့ အစာအာဟာရက သွယ်လျ လှပစေတဲ့ လျှို့ဝှက်ချက်ပါတဲ့။

ပိုလန် : အပြင်စာထက် အိမ်စာကို ပိုအစားများတယ်

ပိုလန်နိုင်ငံသားတွေက အပြင်မှာထွက်စားတဲ့ ထွက်ငွေက မိသားစု ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကငွေကို ချွေတာရာရောက်သလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ အိမ်မှာ မချက်စားဘဲ အပြင်စာ ဝယ်စားသူတွေက ချက်စားသူတွေထက် ကျန်းမာရေး ညီညွတ်မှု ပိုနည်းသလို ပိုပြီးတော့လည်း ဝပါတယ်။ ဒါကြောင့် အိမ်မှာ ချက်ပြုတ် စားသောက်တာကလည်း ဝိတ်ကျစေမယ့် နည်းလမ်းကောင်းတွေထဲက တစ်ခုပါ။

ဂျာမနီ : နံနက်စာ အမြဲစားတယ်

အားကျ အတုယူဖွယ် ကောင်းတဲ့အချက်က ဂျာမနီနိုင်ငံသား ၇၅ ရာခိုင်နှုန်းက နံနက်စာကို နေ့တိုင်းစားပါတယ်။ နံနက်စာအဖြစ် သစ်သီး၊ cereal နှင့် ပေါင်မုန့်တို့ကို စားသုံးပါတယ်။ မနက်စာ မစားထားဘူးဆိုရင် ကယ်လိုရီများတဲ့ အစားအစာတွေလည်းမြင်ရော အငမ်းမရ စားချင်လာတတ်ပါတယ်။ ဒါကြောင့် နံနက်စာ အလွတ်မခံပါနဲ့လို့ အကြံပေးပါရစေ။

ရှရှား : ကျေးလက် မှာ အိမ်ဆောက်ပြီးသွားနေတယ်

ရှရှားနိုင်ငံရဲ့ မြို့ပေါ်လူတန်းစား ၅၁ ရာခိုင်နှုန်းက နွေရာသီပိတ်ရက် အပန်းဖြေချိန်မှာ ကျေးလက်ဒေသမှာ ပန်းဥယျာဉ်ပါတဲ့အိမ်လေး ဆောက်ပြီး သွားနေကြပါတယ်။ ရှရှားလူမျိုးတွေက သီးပင်စားပင်တွေ ကိုယ်တိုင်စိုက်ပျိုးပြီး ကြီးထွားလာချိန်မှာ အလုံပိတ် ဗူးတွေနဲ့ ထည်းသိမ်း ထားတတ်ကြတယ်။ဒီလိုနည်းနဲ့ အာဟာရ ပြည့်ဝစွာ စားသုံးကြပါတယ်။ ကိုယ်တိုင် စိုက်ပျိုးသီးနှံ စားမှတော့ ဝိတ်တက်ဖို့ ဝေးပြီပေါ့။

အိန္ဒိယ : ယောဂလေ့ကျင်ခန်းလုပ်တယ်

ယောဂလေ့ကျင့်ခန်းက စိတ်ဖိစီးမှု လျော့ကျပြီး ခန္ဓာကိုယ် ပျော့ပြောင်းစေတဲ့အပြင် ဝိတ်လည်း ကျစေပါတယ်။ ယောဂလေ့ကျင့်ခန်း လုပ်နေချိန်မှာ ဗိုက်ထဲမှာ အစာ မရှိရမှာဖြစ်ပြီး ကိုယ်ပြုလုပ်တဲ့ ကိုယ်ဟန် အနေအထားပေါ်မူတည်ပြီး ကြွက်သား တည်ဆောက်လို့ ရမှာပါ။ ဒါကြောင့် အိန္ဒိယလူမျိုးတွေ ခန္ဓာကိုယ် ကျစ်လျစ်လှပနေတာ ယောဂလေ့ကျင့်ခန်း လုပ်လို့ပါ။

ဂျပန် : အားရှိအောင်တရေးတမောအိပ်တယ်

ဂျပန်နိုင်ငံမှာ အများစုက နေ့ဘက်တွေဆို မိနစ် ၂ဝ ကနေ ၃၀ ကြား တရေးတမော အမြဲတမ်း အိပ်တယ်။ နေ့စဉ် အိပ်ရေးဝဝ မအိပ်ဘူးဆိုရင် ဝိတ်တက်နိုင်ချေ ပိုမြင့်နိုင်တဲ့ သက်သေ အထောက်အထားတွေက အခုဆို ပိုပိုများလာပါပြီ။ လူတွေက အိပ်ရေးမဝဘဲ ငိုက်မြည်းနေရင် ဗိုက်ဆာတယ်ပဲ ထင်တတ်ကြပါတယ်။ မုန့်စားမယ့်အစား အိပ်တာက ပိုအကျိုးရှိပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေက တရေးတမောအိပ်လို့ ပိန်တာပါ။

မဂ္ဂဆီကို : နေ့လည်စာကို တဝကြီးစားတယ်

ညနေဘက်မှာ ကယ်လိုရီတွေ စုပြုံစားသောက်မယ့်အစား မဂ္ဂဆီကိုလူမျိုးတွေက သူတို့ နေ့လည်စာကို မွန်းလွဲ ၂ နာရီနှင့် ညနေ ၄ နာရီကြား အများကြီး စားတယ်။ ညဘက်မှာ အစားလျှော့စားရင် ဗိုက်ဆာလို့ မနက်ခင်း အစောကြီးနိုးပြီး နံနက်စာ ပိုစားဖြစ်မှာပါ။ ဒါကြောင့် နံနက်စာ နှင့် နေ့လည်စာကို ပိုစားပြီး ညနေစာ လျှော့စားတာက မဂ္ဂဆီကိုလူမျိုးတွေရဲ့ ပိန်စေတဲ့လေ့အထပါ။

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top