ကိုယ်တစ်ယောက်တည်းကိုပဲ ခြင်တွေဝိုင်းတွယ်တာ ဘာကြောင့်လဲ

3-7-2020-yyl-026.jpg

ရိုးရာလေးပရိသတ်တွေထဲမှာရော ဒီလိုခံစားနေရတဲ့ လူရှိလား။ ထိုင်နေတဲ့လူချင်းအတူတူ ကိုယ့်ဆီပဲ ခြင်တွေလာကိုက်တာမျိုးလေ။

ခြင်ကြိုက်တဲ့ သွေးအမျိုးအစားမို့လို့ တချို့ကပြောကြတယ်။ မသိရင်တော့Twilight ကားထဲက မင်းသမီးလိုပေါ့ (ဟဲဟဲ) ဗန်ပိုင်းယား ခြင်တွေ သွေးလာစုပ်ကြတာလေ…စတာပါ။

ခြင်မတွေက ခြင်ဥပေါက်ဖို့ လူသွေးကို ပိုလိုအပ်ကြပါတယ်။ လူဆယ်ယောက်မှာ တစ်ယောက်ကိုတော့ ခြင်တွေက ပိုတွယ်ကြတယ်။ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်က ကျိန်းသေ ခြင်တွေရဲ့ အကြိုက်ပဲ ။ ဒါဆို အဲဒီ ၂၀ ရာခိုင်နှုန်းမှာ ကိုယ်ပါနေတာ ဘာကြောင့်လဲ သိချင်ကြ မှာပေါ့။ ပြောပြပေးမယ်နော်။

ပထမတစ်ချက်က သွေးအမျိုးအစားကြောင့်ပါ။ ချိုတဲ့သွေးဆို ခြင်ပိုကြိုက်ပါတယ်။ “O” သွေးက အချိုဆုံးဖြစ်လို့ “O” သွေးပိုင်ရှင် ၈၃ ရာခိုင်နှုန်းလောက်က ခြင်ကိုက်တဲ့ဒဏ် ပိုခံရတယ်။ “B”သွေးပိုင်ရှင်တွေ က အလယ်အလတ် အကိုက်ခံရပြီးတော့ “A”သွေးဆိုရင်တော့ ခြင်တွေက ယောင်လို့တောင် စိတ်မဝင်စားပါဘူး။

နောက်တစ်ချက်ကကျတော့ ကိုယ်ဝန်ဆောင်သည်တွေပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ အများကြီးထုတ်သလို သာမန်လူတွေထက်၂၁ရာခိုင်နှုန်း ပိုထုတ်တာကြောင့် ခြင်တွေက ပိုကြိုက်ကြတာပါ။

ခန္ဓာကိုယ်အရွယ်အစားကလည်း ခြင်ကိုက် ပိုခံရတဲ့ အကြောင်းရင်းမှာ ထည့်စဉ်းစားစရာပါပဲ။ ခန္ဓာကိုယ် အကောင်ကြီးတဲ့လူတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုထုတ်လို့ ခြင်တွေက သူတို့ကို ပစ်မှတ်ပိုထားပါတယ်။

ဘီယာ၊ အရက်၊ ဝိုင်သောက်တဲ့လူတွေကိုလည်း ခြင်တွေကချစ်ပါသတဲ့။ သူတို့သွေးကို စုပ်ရတာကို ခြင်တွေက ကြိုက်ပါတယ်။ ကြည့်ရတာ ခြင်တွေက ဘီယာ ကြိုက်တယ်တူတယ်နော်…

နောက်တစ်ချက်က လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့လူတွေမှာ ခန္ဓာကိုယ်ကနွေးပြီး လှုပ်ရှားမှုရှိတော့ ချွေးထွက်ပါတယ်။ ဒါကြောင့် အားကစားလုပ်ပြီး မောနေတဲ့လူတွေကိုလည်း ခြင်တွေက ကိုက်ပါတယ်။

ခြင်တွေဝိုင်းကိုက်တာ မခံချင်ရင်တော့ အနီရောင် ဒါမှမဟုတ် အနက်ရောင်တွေ မဝတ်ပါနဲ့။ ခြင်တွေက မြေပြင်နဲ့ နီးနီးပျံသန်းကြတယ်။ သူတို့ကအနက်ရောင်မြင်ရင် အရောင်ဖျော့ဖျော့ထက် ပိုပေါ်လို့ ပစ်မှတ်ထားပြီး ပြေးကိုက်ကြတာပါ။

ဒီလိုအချက်တွေကိုသိထားရင်တော့ “ငါ့ကိုပဲ ခြင်တွေ ဘာလို့ဝိုင်းကိုက်တာလဲ”ဆိုတဲ့ သံသယ ဝေးပြီထင်ပါတယ်။

Ref: Why mosquitoes bite your skin more than other people

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top