မြေမြှုပ်မိုင်းပေါက်ကွဲခဲ့လို့ (၈) လအတွင်း ပြည်နယ် (၃) ခုမှာ သေဆုံးခဲ့သူ (၅၀) ကျော်ရှိခဲ့

2607098_700.jpg

ရန်ကုန်၊ အောက်တိုဘာ (၁၁)

၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ မြန်မာနိုင်ငံက ပြည်နယ် (၃) ခုမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့လို့ သေဆုံးသူ (၅၀) ကျော် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်လိုက်ပါတယ်။

မြေမြှုပ်မြိုင်းပေါက်ကွဲမှုတွေဖြစ်စဉ်တွေ ဖြစ်ပွားခဲ့လို့ (၈) လအတွင်း သေဆုံးသူ စုစုပေါင်း (၅၃) ဦးနဲ့ ထိခိုက်ဒဏ်ရာရှိသူ (၁၀၂) ဦး ရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရှမ်းပြည်နယ်မှာ သေဆုံးသူ (၃၇) ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှာ သေဆုံးသူ (၃၀) ရာခိုင်နှုန်းနဲ့ ကချင်ပြည်နယ်မှာ သေဆုံးသူ (၁၉) ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာတွေက မိုင်းအန္တရာယ် အမြင့်မားဆုံးရှိနေတဲ့ နေရာတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေမြှုပ်မိုင်းတွေဟာ မြန်မာနိုင်ငံက ပဋိပက္ခဒဏ်ခံစားရတဲ့ နေရာတွေမှာရှိနေတဲ့ ထိခိုက်လွယ်မိသားစုများစွာရဲ့ ဘဝတွေကို ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောပါတယ်။

“မိမိအနေနဲ့ အန္တရာယ် ရှိနိုင်တဲ့ နယ်မြေထဲကို ဖြတ်သန်း သွားလာတဲ့ အချိန်မျိုးတွေမှာ လမ်းကို ပိတ်ဆို့ထားတဲ့ အရံအတားတွေကို ဖြတ်ကျော်သွားတာမျိုး မလုပ်ရပါဘူး။ တကယ်လို့ သတိပေး အမှတ်အသား တစ်စုံတစ်ရာ မတွေ့ခဲ့ဘူးဆိုရင်တောင် မိုင်း အန္တရာယ် ရှိနိုင်တဲ့ အရပ်ဒေသမှာ သွားလာနေရချိန်အတွင်း သတိရှိရှိ နေထိုင်၊ သွားလာသင့်ပါတယ်။” လွန်ခဲ့တဲ့ လအနည်းငယ်က ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children က သတိပေးပြောဆိုထားပါတယ်။

photo- ACHARA ASHAYAGACHAT
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top